ဟိုပုံး တိုးလ်ဂိတ်အနီးရှိ COVID-19 ရောဂါရှာဖွေစစ်ဆေးရေးစခန်းသို့ ဝန်ကြီးချုပ် သွားရောက် အားပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဟိုပုံး တိုးလ်ဂိတ်အနီးရှိ COVID-19 ရောဂါရှာဖွေစစ်ဆေးရေးစခန်းသို့ ဝန်ကြီးချုပ် သွားရောက် အားပေး


မောင်မောင်သန်း(တောင်ကြီး)
.
ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် တောင်ကြီး- ဟိုပုံး ပြည်ထောင်စုလမ်းမပေါ်ရှိ နေမင်းရောင် တိုးလ်ဂိတ်အနီး၌ ဖွင့်လှစ်ထားသည့် COVID-19 ရောဂါ ရှာဖွေ စစ်ဆေးရေး စခန်းသို့ ဧပြီလ ၁ ရက်နံနက်ပိုင်းတွင် သွားရောက်၍ ရောဂါ ရှာဖွေ စစ်ဆေးရေး ဆောင်ရွက်နေသူများကို အားပေးစကား ပြောဆိုခဲ့ကြောင်း သိရသည်။
.

တာဝန်ကျ ဆရာ၊ ဆရာမများ အနေဖြင့် လိုအပ်သည်များ ရှိပါက ပွင့်ပွင့်လင်းလင်း ​ပြောဆိုရန် လိုအပ်ပြီး လိုအပ်ချက်များကို  COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီ ဥက္ကဌ ဖြစ်သည့် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းထံ အချိန်နှင့် တစ်ပြေးညီ တင်ပြနိုင်ကြောင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသည့် ဝန်ထမ်းများ အားလုံးအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ သတိရှိစွာဖြင့် ဆောင်ရွက်ရန် တိုက်တွန်း ပြောကြားခဲ့သည်။
.
ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင်များသည် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်များ ဆောင်ရွက်နေသည့် အခြေအနေများ၊ ကြိုတင်ကာကွယ်ရေး အဖြစ် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များအား ပိုးသတ်ဆေး ပက်ဖျန်း ပေးနေသည့် အခြေအနေများကို ကြည့်ရှု၍  လိုအပ်ချက်များကို ဖြည့်ဆည်း ပေးခဲ့ကြောင်း သိရသည်။
.

Journal Download

Photo of three cats