ကျောက်တလုံးကြီး၌ လျှပ်စစ်ဒယ်အိုး အပူလွန်ကဲရာမှ မီးလောင်၍ နေအိမ်တစ်လုံး ဆုံးရှုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်တလုံးကြီး၌ လျှပ်စစ်ဒယ်အိုး အပူလွန်ကဲရာမှ မီးလောင်၍ နေအိမ်တစ်လုံး ဆုံးရှုံး

ကျောက်တလုံးကြီး
.
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ နောင်ခဲကျေးရွာအုပ်စု၊ နောင်ခဲအလယ်ရွာ၌  ဧပြီလ ၂၃ ရက်၊ နံနက် ၉ နာရီကျော်ခန့်တွင် လျှပ်စစ်ဒယ်အိုး အပူ လွန်ကဲရာမှ မီးလောင်ခဲ့သဖြင့် နေအိမ်တစ်လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။
.
နောင်ခဲအလယ်ရွာရှိ နန်းရွဉ်၏ သွပ်မိုး၊ ဝါးထံရံကာ၊ ဝါးကြမ်းခင်း၊ ခြေတံရှည်နေအိမ်တွင် မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး မီးလောင်ကျွမ်းရာ နေအိမ်အား မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဝိုင်းဝန်း ငြိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီကျော်ခန့်တွင် မီး ငြိမ်းသတ်နိုင်ခဲ့သော်လည်း နေအိမ်မှာ မီးလောင် ပျက်ဆီးခဲ့ရကြောင်း သိရသည်။
.

မီးလောင်မှုကြောင့် နေအိမ် ပျက်စီးဆုံးရှုံးခဲ့ရသော်လည်း လူနှင့် တိရစ္ဆာန်များ ထိခိုက် သေဆုံးမှု မရှိဘဲ မီးဘေးသင့် မိသားစုအား ကျောက်တလုံးကြီးမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစောချမ်းက ဆန် ၆ ပြည် ထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။
.
အဆိုပါ မီးလောင်မှု ဖြစ်ပေါ်စေသော နေအိမ်ပိုင်ရှင် နန်းရွဉ်အား ကျောက်တလုံးကြီး နယ်မြေရဲစခန်းမှ () /၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
.

Journal Download

Photo of three cats