အောင်ပန်းဆေးရုံရှိ လူနာများကို အောင်ပန်းတပ်နယ် နယ်မြေမှူးက ကြက်ဥနှင့် ကော်ဖီမစ်များ ထောက်ပံ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်ပန်းဆေးရုံရှိ လူနာများကို အောင်ပန်းတပ်နယ် နယ်မြေမှူးက ကြက်ဥနှင့် ကော်ဖီမစ်များ ထောက်ပံ့


ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ အောင်ပန်းတိုက်နယ် ဆေးရုံ၌ ဆေးကုသမှု ခံယူနေသည့် လူနာများအား အောင်ပန်း တပ်နယ်၊ နယ်မြေမှူးက ကြက်ဥနှင့် ကော်ဖီထုပ်များကို ယနေ့ (ဧပြီလ ၁၆ ရက်)တွင် ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။

.

“ လူနာတွေက သာမန် အထွေထွေ အဖျားရောဂါနဲ့ ဆေးကုသမှု ခံယူနေသူတွေပါဗျ၊ ဆေးရုံ တက် လူနာတွေကို အာဟာရ ရှိတဲ့ အစားအစာတွေ စားနိုင်ဖို့ ထောက်ပံ့ လှူဒါန်းပေးတာပါ။” ဟု တပ်မတော် အရာရှိ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အောင်ပန်းတပ်နယ်မှ နယ်မြေမှူး ဗိုလ်မှူးကြီး ကျော်စွာထွန်းက အောင်ပန်းတိုက်နယ် ဆေးရုံ၌ ဆေးကုသမှု ခံယူနေသည့် လူနာ ၁၇ ဦးက တစ်ဦးလျှင် ကြက်ဥ ၁၀ လုံး၊ နန်းမြိုင်ကော်ဖီနှင့် ရွှေဖီဦးတီးမစ်ထုပ် ၅ ထုပ်နှုန်းစီဖြင့် ထောက်ပံ့ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats