COVID-19 ပိုးတွေ့လူနာ အသစ် မရှိ၊ လူနာအမှတ်(၂၇) ပြန်လည်ကောင်းမွန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, April 25, 2020

COVID-19 ပိုးတွေ့လူနာ အသစ် မရှိ၊ လူနာအမှတ်(၂၇) ပြန်လည်ကောင်းမွန်

COVID-19 အတည်ပြုလူနာ အသစ် ထပ်မံ တွေ့ရှိခြင်း မရှိကြောင်းနှင့် လူနာအမှတ်(၂၇) ပြန်လည် ကောင်းမွန်လာပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ (ဧပြီလ ၂၅ ရက်) ည ၈ နာရီတွင် ထုတ်ပြန်ခဲ့သည်။
.
ပြန်လည် ကောင်းမွန်လာသော အတည်ပြုလူနာ အမှတ် (၂၇)သည် ကျိုက်မရော ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေသည့် အသက် ၂၄ နှစ်အရွယ် အမျိုးသမီး ဖြစ်ကာ ဧပြီလ ၄ ရက် ဓါတ်ခွဲအဖြေတွင် COVID-19 ပိုးတွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။
.

အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) နှင့် ဆေးသုတေသနဦးစီးဌာန (DMR) တို့မှ ယနေ့ည ၈ နာရီအထိ ပထမအသုတ်၌ စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာ ၁၃၂ ခုတွင် COVID-19 ပိုး မတွေ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (ဧပြီလ ၂၅ ရက်) ည ၈ နာရီထိ COVID-19 အတည်ပြုလူနာ ၁၄၄ ဦး ရှိပြီ ဖြစ်ကာ၊ ယင်းအနက် ၅ ဦး သေဆုံး၍ ၁၀ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၇ ဦး ရှိကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About