COVID-19 နှင့် ပတ်သက်၍ ရှမ်းပြည်တွင်း အခြေအနေ (၄-၄-၂၀၂၀) - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 နှင့် ပတ်သက်၍ ရှမ်းပြည်တွင်း အခြေအနေ (၄-၄-၂၀၂၀)

ရှမ်းပြည်နယ် အတွင်းရှိ ဆေးရုံနှင့် ကျန်းမာရေးဌာန ၃၀ တို့တွင် COVID-19 နှင့် ပတ်သက်၍ စောင့်ကြည့်လူနာ ၁၂၁ ဦး၊ သံသယလူနာ ၁ ဦး၊ စုစုပေါင်း လူနာ ၁၂၂ ဦး ရှိပြီး ယင်းတို့အား ဓါတ်ခွဲ စမ်းသပ်ချက်အရ လူနာ ၁၀၂ ဦးတွင် ပိုး တွေ့ရှိခြင်း မရှိဘဲ ဓါတ်ခွဲ အဖြေစောင့်ဆိုင်းဆဲလူနာ ၁၉ ဦး ရှိကာ ပိုးတွေ့လူနာ ၁ ဦး တွေ့ရှိ (တွေ့ရှိ) ထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဧပြီလ ၄ ရက်၊ ည ၈ နာရီက ထုတ်ပြန်ထားသော အချက်အလက်များအရ သိရသည်။
.


အထက်ပါ စောင့်ကြည့်နှင့် သံသယလူနာများအနက် အများစုမှာ ကျန်းမာရေး ကောင်းမွန်သည့်အပြင် သတ်မှတ် စောင့်ကြည့်ရက် ပြည့်မြောက်ပြီ ဖြစ်၍ ဆေးရုံဆင်းခွင့် ရရှိသူများ ဖြစ်သော်လည်း ဆေးရုံးဆင်းခွင့် ရရှိသည့် လူနာများနှင့် ပတ်သက်သော အချက်အလက်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်း မရှိချေ။
.
ရှမ်းပြည်နယ်အတွင်း၌ COVID-19 နှင့် ပတ်သက်၍ ဆေးရုံ တက်ရောက် ကုသနေဆဲ လူနာ အရေအတွက်မှာ ဧပြီလ ၄ ရက်ထိ ၇၀ ဦး ရှိကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
.
မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စောင့်ကြည့်လူနာ ၇၄၆ ဦး၊ သံသယလူနာ ၂ ဦး၊ စုစုပေါင်း လူနာ ၇၄၈ ဦး ရှိပြီး ပိုးတွေ့(တွေ့ရှိ) လူနာ ၂၁ ဦး၊ ပိုးတွေ့သေဆုံးလူနာ ၁ ဦး၊ ပိုးမတွေ့လူနာ ၆၁၆ ဦး၊ ဓါတ်ခွဲ အဖြေစောင့်ဆိုင်းဆဲလူနာ ၁၁၁ ဦး ရှိကာ ယင်းတို့အား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှု ကုသမှု ပေးလျက် ရှိကြောင်း သိရသည်။
.
COVID-19 အတည်ပြုလူနာများအနက် လူနာအမှတ် ၁၄ အား ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး ဆေးရုံတွင် သီးခြားထားရှိ၍ ကြပ်မတ် ကုသမှု ပေးနေလျက်ကာ လက်ရှိ ဧပြီလ ၄ ရက်၊ ညပိုင်းထိ ကျန်းမာရေး ကောင်းမွန်နေလျက် ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats