မော်မော်
.
COVID-19 ပိုးတွေ့လူနာအသစ် ၂ ဦး ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက
ယနေ့ ဧပြီလ ၂၆ ရက်၊ နံနက် ၇ နာရီအချိန်တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။
.
.
အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန
(ရန်ကုန်)
မှ ဒုတိယအသုတ်+တတိယအသုတ်) နှင့် ဆေးသုတေသနဦးစီး ဌာနမှ ဒုတိယအသုတ် ဓါတ်ခွဲစစ်ဆေးခဲ့သော
ဓါတ်ခွဲအဖြေများအနက် လူနာအသစ် ၂ ဦး ထပ်မံတွေ့ရှိခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ယနေ့
ဧပြီလ ၂၆ ရက်၊ နံနက်ပိုင်းအထိ ဓါတ်ခွဲအတည်ပြုလူနာ ၁၄၆ ဦး အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
ယမန်နေ့
ဧပြီလ ၂၅ ရက်က အမျိုးသားဓါတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဓါတ်ခွဲနမူနာ ၃၇၂ ခုအား
၃ သုတ် ခွဲ၍လည်း ကောင်း၊ ဆေးသုတေသနဦးစီးဌာနမှ ဓါတ်ခွဲနမူနာ ၅၄ ခုအား ၂ သုတ် ခွဲ၍လည်းကောင်း
စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ
ပိုးတွေ့လူနာအသစ် ၂ ဦးမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့မှ အသက် ၄၈ နှစ်အရွယ်
အမျိုးသားနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်မှ အသက် ၃၂ နှစ်အရွယ် အမျိုးသားတို့ဖြစ်ပြီး
၎င်းတို့အား သက်ဆိုင်ရာ ဆေးရုံများသို့ လွှဲပြောင်းကုသမှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင်
မတ်လ ၂၃ ရက်မှ ယနေ့ (ဧပြီလ ၂၆ ရက်) နံနက်
၇ နာရီထိ COVID-19 အတည်ပြုလူနာ ၁၄၆ ဦး ရှိပြီ ဖြစ်ကာ၊ ယင်းအနက် ၅ ဦး သေဆုံး၍ ၁၀ ဦးမှာ
ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၇ ဦး ရှိကြောင်း သိရသည်။
.