.
ရှမ်းပြည်နယ်တွင်
COVID-19 နှင့် ပတ်သက်၍ ဧပြီလ ၃ ရက်၊ ညပိုင်းထိ ဆေးရုံ တက်ရောက် နေသူ ၆၉ ဦး
ရှိနေကာ ယင်းတို့အနက် ၁ ဦးသာ ပိုး တွေ့ရှိ
ထားသေးကြောင်း ရှမ်းပြည်နယ် အစိုးရ အဖွဲ့ထံမှ သိရသည်။
.
ရှမ်းပြည်နယ်တွင်
COVID-19 နှင့် ပတ်သက်ပြီး လက်ရှိ ဆေးရုံ တက်ရောက် ကုသနေသူမှာ ရှမ်းပြည်နယ်
အရှေ့ပိုင်းတွင် အမျိုးသား ၂၆ ဦး ၊ အမျိုးသမီး ၅ ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်းတွင်
အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၇ ဦးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အမျိုးသား ၁၃
ဦး ၊ အမျိုးသမီး ၅ ဦး ဖြင့် စုစုပေါင်း ၆၉ ဦး ဖြစ်ကြောင်း သိရသည်။
.
COVID-19 နှင့် ပတ်သက်ပြီး စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်၍ ရှမ်းပြည်နယ်အတွင်းရှိ ဆေးရုံများတွင်
တက်ရောက် ကုသခဲ့ရသူ စုစုပေါင်း အရေအတွက်မှာ ၁၀၅ ဦး ရှိခဲ့သော်လည်း ယင်းတို့အနက် ပိုး
တွေ့ ရှိသူ ၁ ဦး ၊ ဆေးရုံ ပြန်ဆင်းသူ ၂၉ ဦး၊ COVID-19 နှင့် သက်ဆိုင်ခြင်း မရှိဘဲ သေဆုံးသူ ၆ ဦး၊ ဆေးရုံ တက်ရောက်နေဆဲ လူနာ ၆၉ ဦး ရှိကြောင်း ရှမ်းပြည်နယ်
အစိုးရအဖွဲ့ထံမှ သိရသည်။
.
“ သေဆုံးသူတွေက
တခြားအကြောင်းနဲ့ပေါ့ COVID-19 နဲ့တော့ မဆိုင်ဘူး။ တခြား ရောဂါနဲ့ ဆုံးတာ မျိုးတွေပါ။ ဓါတ်ခွဲစမ်းသပ်ချက်အရလည်း
သေဆုံးသူတွေမှာ COVID-19 ပိုး မတွေ့ရပါဘူး။” ဟု ရှမ်းပြည်နယ် အစိုးရ အဖွဲ့ဝင်
လူမူရေး ဝန်ကြီး ဒေါက်တာ မျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ်
မြောက်ပိုင်းမှ COVID-19 အတည်ပြု လူနာ အမှတ် (၁၄) သည် လက်ရှိ ဧပြီလ ၄ ရက်၊
နံနက်ပိုင်း အထိ ကျန်းမာရေး ကောင်းမွန် နေလျက် ရှိပြီး လူနာအား ကျောက်မဲဆေးရုံမှ လားရှိုးဆေးရုံသို့
လွှဲပြောင်း ထားရှိကာ သီးခြားထားရှိ၍ စောင့်ကြပ် ကုသပေးနေကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင်
COVID-19 အတည်ပြုလူနာ ၂၀ ဦး၊ ပိုးတွေ့သေဆုံးလူနာ ၁ ဦး တွေ့ရှိထားပြီး
စောင့်ကြည့်နှင့် သံသယလူနာ ၆၉၀ အနက် ၆၁၆ ဦးတွင်
ပို့တွေ့ရှိခြင်း မရှိဘဲ ဓါတ်ခွဲ အဖြေ စောင့်ဆိုင်းဆဲ လူနာ ၅၄ ဦး ရှိကြောင်း ကျန်းမာရေးနှင့်
အားကစား ဝန်ကြီးဌာန၏ ဧပြီလ ၃ ရက်၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.