COVID-19 ပိုးတွေ့လူနာ ၇ ဦး ထပ်တိုးပြီး ၁၃၉ ဦး အထိ ရှိလာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, April 24, 2020

COVID-19 ပိုးတွေ့လူနာ ၇ ဦး ထပ်တိုးပြီး ၁၃၉ ဦး အထိ ရှိလာ


မော်မော်
.
မြန်မာနိုင်ငံတစ်ဝှမ်းတွင် COVID-19 ပိုးတွေ့လူနာ ၇ ဦး ထပ်တိုးလာပြီး ဓါတ်ခွဲ အတည်ပြုလူနာ ၁၃၉ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ ဧပြီလ ၂၄ ရက်၊ နံနက်ပိုင်းတွင် ထုတ်ပြန် ကြေညာခဲ့သည်ဟု သိရသည်။
.
.
ဆေးသုတေသနဦးစီးဌာန (ရန်ကုန်) ၏ ဧပြီလ ၂၃ ရက်၊ ညပိုင်းတွင် စစ်ဆေးခဲ့သော ဓါတ်ခွဲနမူနာ ၆၄ ခုအနက် ၇ ဦး၏ ဓါတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုး တွေ့ရှိရပြီး ကျန် ၅၇ ဦးတွင် ရောဂါပိုး မတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
.
သို့ဖြစ်ရာ မြန်မာနိုင်ငံတစ်ဝှမ်းတွင် ယနေ့ ဧပြီလ ၂၄ ရက်၊ နံနက်ပိုင်းအထိ COVID-19 အတည်ပြုလူနာ ၁၃၉ ဦး အထိ ရှိလာပြီဖြစ်ပြီး ရောဂါပိုး ကင်းစင်သူ ၉ ဦး ရှိပြီဖြစ်ကာ ၎င်းတို့အား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးနောက် အသွားအလာ ဆက်လက်ကန့်သတ်ထားရှိ ထားကာ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ ၅ ဦးရှိကြောင်း သိရသည်။
.
အဆိုပါလူနာသစ်များအား သက်ဆိုင်ရာဆေးရုံများသို့ လွှဲပြောင်း၍ သီးခြားထားရှိ ကုသမှုပေးသွားမည် ဖြစ်ပြီး သတင်း အပြည့်အစုံကို ထပ်မံထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About