COVID-19 လူနာအသစ် ၁ ဦး မြန်မာနိုင်ငံတွင် ထပ်မံ တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 လူနာအသစ် ၁ ဦး မြန်မာနိုင်ငံတွင် ထပ်မံ တွေ့ရှိ

COVID-19 လူနာအသစ် ဦး မြန်မာနိုင်ငံတွင် ထပ်မံ တွေ့ရှိကြောင်းကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ (ဧပြီလ ရက်) နာရီတွင် ထုတ်ပြန်ခဲ့ရာ ၁၅ ရက်အတွင်း စုစုပေါင်း အတည်ပြုလူနာ ၂၂ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အတည်ပြုလူနာအမှတ်(၂၂)သည် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သည့် အသက် ၅၁ နှစ်အရွယ် အမျိုးသမီး ဖြစ်ပြီး လူနာအမှတ်(၂၁)နှင့်အတူ မတ်လ ၂၆ ရက်တွင် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကိုရီးယား၊ ထိုင်းနိုင်ငံများမှ တဆင့် ပြန်လည် ရောက်ရှိပြီးနောက် ဗိုလ်တစ်ထောင်မြို့နယ်ရှိ ဟိုတယ် တစ်ခုတွင် အသွားအလာ ကန့်သတ်ခြင်း ဆောင်ရွက်ထားရှိသူ ဖြစ်ကြောင်း သိရသည်။
.

ယင်းလူနာ အမှတ်(၂၂)အား ဝေဘာဂီ အထူးကုဆေးရုံသို့ လွှဲပြောင်းထားရှိပြီး ဓါတ်ခွဲ နမူနာအား စစ်ဆေးရာ COVID-19  ပိုး တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။
.
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်ချက်တွင် COVID-19 အတည်ပြုလူနာအသစ် ၁ ဦး ပါရှိခဲ့ပြီး ကျန်လူနာ ၄၅ ဦးတွင် ရောဂါပိုး မရှိကြောင်းနှင့် ယနေ့တွင် စောင့်ကြည့်လူနာ အသစ် ၃၁ ဦး ရှိကြောင်း ဖော်ပြထားသည်။
.
မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၂၂ ဦးအနက် ပိုးတွေ့ရှိပြီးနောက် သေဆုံးသူ ၁ ဦး ရှိကာ ပြည်သူ လူထုအနေဖြင့် ရောဂါကာကွယ်ရေး ဆိုင်ရာ ကျန်းမာရေး ပညာပေး အချက်အလက်များအား တိကျစွာ လိုက်နာ ဆောင်ရွက်ခြင်းဖြင့် မိမိ သာမက မိမိ၏ မိသားစုနှင့် ပတ်ဝန်းကျင်မှ လူများအတွက်ပါ ရောဂါ ကူးစက်မှု မရှိစေရေး ပူးပေါင်း ဆောင်ရွက်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ နှိုးဆော်ထားသည်။
.
ကမ္ဘာ့နိုင်ငံများနှင့် နယ်မြေဒေသများတွင် COVID-19 အတည်ပြု လူနာပေါင်း ၁၁၇၄၈၆၆ ဦးထိ တွေ့ရှိထားကာ ယင်းအနက် သေဆုံးသူမှာ ၆၄၅၄၁ ဦး ရှိကြောင်း WHO ၏ ဧပြီလ ၆ ရက် ထုတ်ပြန်ချက်များအရ သိရသည်။
.

Journal Download

Photo of three cats