ရှမ်းပြည်နယ် အတွင်းရှိ ဆေးရုံ ၂၅ ခုတွင် COVID-19 နှင့်
ပတ်သက်၍ စောင့်ကြည့်လူနာ ၉၇ ဦး၊ သံသယလူနာ ၁ ဦး၊ စုစုပေါင်း လူနာ ၉၈ ဦး ရှိခဲ့ပြီး ယင်းတို့အား
ဓါတ်ခွဲ စမ်းသပ်ချက်အရ လူနာ ၈၃ ဦးတွင် ပိုး တွေ့ရှိခြင်း မရှိဘဲ ဓါတ်ခွဲ
အဖြေစောင့်ဆိုင်းဆဲလူနာ ၁၄ ဦး ရှိကာ ပိုးတွေ့လူနာ ၁ ဦး တွေ့ရှိ (တွေ့ရှိ) ထားကြောင်း
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဧပြီလ ၁ ရက်၊ ည ၈ နာရီ ထုတ်ပြန်ထားသော
အချက်အလက်များအရ သိရသည်။
.
လားရှိုးဆေးရုံသို့ ပြောင်းရွှေ့ ထားရှိသည့် ကျောက်မဲဆေးရုံမှ COVID-19 လူနာအမှတ်
၁၄ သည် လတ်တလောတွင် ကျန်းမာရေး ကောင်းမွန်နေလျက် ရှိကာ ၄င်းနှင့် ထိတွေ့မှု
ရှိခဲ့သူများကို သီးခြား ထားရှိ၍ စောင့်ကြည့်နေလျက်ရှိကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ
သိရသည်။
.
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စောင့်ကြည့်လူနာ ၅၉၅ ဦး၊ သံသယလူနာ ၂ ဦး၊
စုစုပေါင်း လူနာ ၅၉၇ ဦး ရှိပြီး ပိုးတွေ့(တွေ့ရှိ) လူနာ ၁၆ ဦး၊ ပိုးတွေ့ သေဆုံးလူနာ
၁ ဦး၊ ပိုးမတွေ့ လူနာ ၄၉၈ ဦး၊ ဓါတ်ခွဲ အဖြေ စောင့်ဆိုင်းဆဲလူနာ ၈၃ ဦး ရှိကာ
ယင်းတို့အား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှု ကုသမှု ပေးလျက် ရှိကြောင်း
သိရသည်။