COVID-19 ပိုးတွေ့လူနာ အသစ် ၉ ဦး တိုးလာပြီး စုစုပေါင်း ၁၀၇ ဦး အထိရှိလာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 ပိုးတွေ့လူနာ အသစ် ၉ ဦး တိုးလာပြီး စုစုပေါင်း ၁၀၇ ဦး အထိရှိလာ



ကမ္ဘောဇတိုင်း
.
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ယနေ့ ဧပြီလ ၁၉ ရက်၊ နံနက်ပိုင်းအထိ COVID-19 ပိုးတွေ့လူနာအသစ် ၉ ဦး ထပ်မံ တိုးလာပြီး စုစုပေါင်း ပိုးတွေ့လူနာ ၁၀၇ ဦး အထိ ရှိလာပြီဖြစ်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ယနေ့ ဧပြီလ ၁၉ ရက်၊ နံနက် ၇ နာရီအချိန်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
.



.
အဆိုပါ ပိုးတွေ့လူနာအသစ် ၉ ဦးမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်မှ ၂ ဦး၊ ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ်မှ ၂ ဦး၊ တောင်ဥက္ကလာပမြို့နယ်၊ လမ်းမတော်မြို့နယ်၊ ကမာရွတ်မြို့နယ်၊ အင်းစိန်မြို့နယ်၊ ဗိုလ်တစ်ထောင်မြို့နယ်တို့မှ ၁ ဦးစီဖြစ်ကြောင်း သိရသည်။

.
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ ဧပြီလ ၁၈ ရက် (တတိယအသုတ်) စစ်ဆေး ခဲ့သော ဓာတ်ခွဲနမူနာ ၈၇ ခုအနက် ၉ ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိပြီး ကျန် ၇၈ ဦးတွင် COVID-19 ရောဂါပိုးမတွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
.
အဆိုပါ လူနာသစ် ၉ ဦးကို သက်ဆိုင်ရာဆေးရုံများသို့ လွှဲပြောင်း၍ သီးခြားထားရှိကုသမှု ပေးသွားမည် ဖြစ်ပြီး ဧပြီလ ၁၉ ရက် အထိ မြန်မာတစ်နိုင်ငံလုံးတွင် COVID-19 ဓါတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၀၇ ဦး ရှိလာပြီဖြစ်ပြီး ယင်းအနက် ၅ ဦး သေဆုံး၍ ၅ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကာ ရှမ်းပြည်နယ်တွင် အတည်ပြုလူနာ ၄ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။.
.

Journal Download

Photo of three cats