ကမ္ဘောဇတိုင်း
.
မြန်မာနိုင်ငံတွင် COVID-19 ရောဂါ အတည်ပြုလူနာ ၁၁ ဦး ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ ည ၈ နာရီအချိန်တွင် ကနဦး ထုတ်ပြန်ကြေညာခဲ့ပြီး အသေးစိတ်အချက်အလက် များကိုမူ ထပ်မံထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
.
.
အဆိုပါ ထုတ်ပြန်ချက်အရ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှု ပထမအသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၉၂ ခုအား စစ်ဆေးခဲ့ ရာတွင် ၎င်းတို့အနက် ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သဖြင့် အသွားအလာကန့်သတ် ၍ စောင့်ကြပ်ကြည့်ရှုခြင်း (Quarantine) ဆောင်ရွက်ထားရှိသူ ၁၁ ဦး၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်းနှင့် ကျန်ဓါတ်ခွဲနမူနာ ၈၁ ခုတွင် COVID-19 ရောဂါပိုး မတွေ့ရှိရကြောင်း ဖော်ပြထားသည်။
.
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုး အတည်ပြုလူနာ ၂ ဦး စတင်တွေ့ရှိသည့် မတ်လ ၂၃ ရက်မှ ယနေ့ ဧပြီလ ၁၃ ရက်အထိ ရောဂါပိုး တွေ့ရှိသူ ၅၂ ဦး ရှိလာပြီဖြစ်ပြီး ယနေ့ နံနက် ၁ နာရီအချိန် ထုတ်ပြန်ချက်အထိ ဖော်ပြချက်များအရ သေဆုံးသူ ၄ ဦး၊ ပြန်လည်သက်သာလာသူ ၂ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။
.

Home
COVID-19
COVID-19 အတည်ပြုလူနာ ၁၁ ဦး ထပ်မံတွေ့ရှိထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်