COVID-19 ကြောင့် နယ်စပ်ဂိတ်တွေက အစုလိုက်အပြုံလိုက် ဝင်ရောက်လာသူတွေကို ပြည်တွင်းသို့
တိုက်ရိုက် ပြန်ခွင့်ပြု မှာ မဟုတ်ဘဲ သူတို့ ဝင်ရောက်လာတဲ့ နယ်စပ်မြို့တွေမှာ
ထားရှိပြီး အသွားအလာကန့်သတ်တာတွေကို ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
.
အဲဒီ
ပြန်လည်ဝင်ရောက်လာသူတွေ အချင်းချင်းတွေ၊ ပြည်တွင်း နေထိုင်သူတေွထံကို COVID-19 ရောဂါ ကူးစက်ပြန့်ပွားပြီး ကပ်ရောဂါကြီး ဖြစ်ပွားဖို့
အလားအလာ များပြားနေတဲ့အတွက် အဲ့ဒီလို
အသွားအလာကန့်သတ်ပြီး ၁၄ ရက် စောင့်ကြည့်ဖို့ စီစဉ်သွားမှာဖြစ်တယ်လို့
ရှမ်းပြည်နယ်အတွင်း (COVID-19) ရောဂါကာကွယ်၊
ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်
ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း ပြောပါတယ်။
.
Lock Down ကတော့ လောလောဆယ် လုပ်ဖို့ မလွယ်သေးကြောင်း လုပ်လိုက်ရင် စားဝတ်နေရေးကအစ
ဓါတ်ခွဲ အဖြေတွေ ပို့ဖို့အထိ အခက်အခဲတွေ ဖြစ်လာနိုင်ပြီး အပိုင်းလိုက်ပဲ
လုပ်နိုင်ပါမယ်ဆိုပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး
ဒေါက်တာမျိုးထွန်းက ဆိုပါတယ်။
.
၁၄ ရက်ကြာ
စောင့်ကြည့်ထားရှိမယ့် နယ်စပ်မြို့ေတွမှာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ
မူဆယ်မြို့၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ လောက်ကိုင်မြို့၊
ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ တာချီလိတ်မြို့နှင့် ကျိုင်းတုံမြို့တို့ဖြစ်ပြီးတော့
အဲဒီမြို့တွေကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က
တစ်မြို့ဆိုရင် ငွေကျပ်သိန်း ၅၀ စီ ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။
.
#KBZTai #Shan #Broadcasting