ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊
စိန်ပန်း ရပ်ကွက်ရှိ အောင်မြေဘုံစံသာမဏေကျော် ကျောင်းတိုက်အား COVID-19 ကာကွယ်ရေးအတွက် ရည်ရွယ်ကာ ဧပြီလ ၇
ရက်မှ စတင်၍ ခေတ္တ ပိတ်ထားလိုက်ကြောင်း သိရသည်။
.
“ နိုင်ငံတော်သံဃနာယက
ကလည်း ညွှန်ကြားထားတယ်။ ပြီးတော့ စာသင်တိုက်က သံဃာတွေလည်း ရှိနေတော့ အားလုံးအတွက် COVID-19 ကာကွယ်ရေးအတွက် ကျောင်းတိုက်ကို ခဏ
ပိတ်ထားလိုက်တာပါ။ ကမ္ဘာသူ ကမ္ဘာသား အားလုံး ဒီရောဂါကပ်ဆိုးကြီးကနေ ကင်းဝေးနိုင်ကြပါစေလို့
မေတ္တာ ပို့သပါတယ်။” ဟု အောင်မြေဘုံစံသာမဏေကျော် ကျောင်းတိုက်မှ ၈၈၈၈ ဆရာတော် ဘဒ္ဒန္တ
ခေမာနန္ဒမှ ကမ္ဘောဇတိုင်းသို့ မိန့်သည်။
.
အောင်မြေဘုံစံသာမဏေကျော်
ကျောင်းတိုက်အား ခေတ္တသာ ပိတ်ထားခြင်း ဖြစ်ပြီး COVID-19 ကင်းစင်ပြီဟု အစိုးရက ကြေညာခြင်း (သို့မဟုတ်) နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ
ညွှန်ကြားမှုများ ရှိလာပါက ပြန်လည် ဖွင့်လှစ်သွားမည် ဖြစ်ကာ ကျောင်းတိုက် ပိတ်ထားသော်လည်း
စာသင်သား သံဃာများအား ပရိယတ္တိဆိုင်ရာ စာသင်ကြားမှုများကို ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း
သိရသည်။
.
ကျောင်းတိုက်
အဝင်တံခါးတွင် “ ကျောင်းတံခါးကို ပိတ်၊ COVID-19 ကို နှိပ်၊ ရောဂါကို ကြိုတင် ကာကွယ်ခြင်းသည် လူ့ဘဝ၏
တန်ဖိုး ဖြစ်သည်။” ဟု စာသား ပါရှိသော ဗီနိုင်းကို ချိတ်ဆွဲ၍ ကျောင်းအား ခေတ္တပိတ်ထားခြင်းကို
အများပြည်သူများ သိစေရန် ကြေညာထားခြင်း ဖြစ်သည်။
.
“ စာသင်သားက
အပါး ၁၀၀ ဝန်းကျင်လောက် ရှိတယ်။ ကိုယ်တော်တွေ အကုန်လုံးကို ကျန်းမာရေး ဝန်ထမ်းတွေက
စစ်ဆေးတာလည်း ဘာမှ မတွေ့ရဘူး။ ကျောင်းတိုက် အတွင်းမှာလည်း တပ်မတော်က လာပြီး ဆေးဖျန်း
ပေးသွားတယ်။ အပြင်လူ ပေး မဝင်ဘဲ ကျောင်းတိုက်ကို ပိတ်ထားရင်တော့ ပိုပြီး လုံခြုံသလို
ပရိယတ္တိလုပ်ငန်းတွေကို ပိုပြီး လုပ်နိုင်တာပေါ့။ စာသင်သားတွေ ပြန် လွှတ်ဖို့ကတော့
ကိုယ်တော်တွေကလည်း ပြန် မကြွချင်ကြဘူး။” ဟု ဆရာတော်က ဆက်လက် မိန့်ကြားသည်။
.
COVID-19 ရောဂါ မထိန်းချုပ်နိုင်သေးမီ ကာလအတွင်း
ပရိယတ္တိ စာသင်တိုက်များ၊ ကမ္မဌာန်းရိပ်သာများတွင် မိမိတို့ တာဝန်ယူ ထိန်းသိမ်း
စောင့်ရှောက်နိုင်သော အရေအတွက်မျှကိုသာ ထားရှိ၍ ကျန် ရဟန်း၊ သာမဏေ၊ သီလရှင်၊
ယောဂီများကို သက်ဆိုင်ရာ ဒေသများသို့ ပြန်လည် သီတင်းသုံး ကြွရောက်စေရန် ဧပြီလ ၄ ရက်က နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ
ထုတ်ပြန် ကြေညာထားသည်။
.