COVID-19 ရောဂါ ကာကွယ်ရေးအတွက် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မည်ဟု RCSS က ကြေညာချက် ထုတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 ရောဂါ ကာကွယ်ရေးအတွက် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မည်ဟု RCSS က ကြေညာချက် ထုတ်


စိုင်းသိင်္ခသူ
.
COVID-19 ကူးစက်ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) အနေဖြင့် တရုတ်-ထိုင်းနယ်စပ် ဒေသများတွင် အခြေစိုက် အဖွဲ့အစည်းဖြစ်သည့်အတွက် အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ဧပြီလ၂၇ ရက်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
.
“ အဓိကတော့ စားဝတ်နေရေး ခက်ခဲမှုပါပဲ အလုပ်အကိုင် မရှိတော့ စားဝတ်နေရေး ခက်ခဲကြပါတယ်။ အဖွဲ့အနေနဲ့က ပညာပေးမှုတွေ စမ်းသပ် စစ်ဆေးမှုတွေ တတ်နိုင်သမျှ လုပ်ပေးနေပါတယ်။ ခုလည်း မိုင်းယန်းနဲ့ မိုင်းခတ်ဘက်မှာ လူထုအတွက် လိုအပ်မှာတွေ ကျိုင်းတုံရုံးက သွားရောက် လှူနေပါတယ်၊ ရောဂါဘေး မကင်းမခြင်း တတ်နိုင်သမျှ လူထုအတွက် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” ဟု RCSS မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းအုမ်ခေးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

တရုတ်နှင့် ထိုင်းနိုင်ငံများမှ အလုပ်လက်မဲ့များ အဖြစ် ပြန်လာကြသည့် ရှမ်းပြည် လူထုကို ဝမ်းမြောက်စွာ ကြိုဆိုကြောင်း COVID-19 ရောဂါကြောင့် ကမ္ဘာ့အဝှမ်းတွင် လူအများ သေဆုံးနေသည့်အတွက် စားဝတ်နေရေး အခက်အခဲများဖြစ်ပေါ်နေကြောင်း၊ ကူးစက်ရောဂါကာကွယ် တားဆီးထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေး လမ်းညွှန်ချက်များကို လူထုအနေဖြင့် တိကျစွာ လိုက်နာ ဆောင်ရွက်ကြပါရန်နှင့် လိုအပ်ပါက RCSS နယ်မြေအတွင်းရှိ ဆရာဝန်များနှင့် ဒေသဆိုင်ရာ အာဏာပိုင်များအား အကူအညီ တောင်းခံနိုင်ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။
.
COVID-19 ရောဂါ ဖြစ်ပွားမှု လက်ရှိကာလအတွင်း RCSS အနေဖြင့် ရှမ်းပြည်လူထု ၆၀၀၀၀ ကျော်ကို ကျန်းမာရေးအတွက် ငွေကျပ် သိန်း ၆၀၀ ကျော် အကူအညီပေးခဲ့ပြီး ဖြစ်ကြောင်းနှင့် ရှေ့ဆက်၍လည်း ကူညီသွားရန် စီစဉ်ထားကာ ဆေးရုံများအတွက် PPE ဝတ်စုံများ၊ နှာခေါင်းစည်းများ၊ လက်အိတ်များ၊ လက်ဆေးရည် များစွာ လိုအပ်သေးကြောင်းကိုလည်း  ဒုဗိုလ်မှူးကြီး စိုင်းအုမ်ခေးက ပြောကြားခဲ့သည်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ အခြေစိုက် RCSS ဆက်ဆံရေးရုံးတာဝန်ခံ ဒုဗိုလ်မှူးကြီး စိုင်းမိဏ်းသည် ဧပြီလ ၂၇ ရက်တွင် မိုင်းခတ်၊ မိုင်းယန်း၊ မိုင်းလွေရှိ ဆေးရုံဆေးပေးခန်းများသို့ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများကို သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
.

Journal Download

Photo of three cats