COVID-19 လူနာအမှတ်(၂၉)သည် Quarantine မပြည့်မီ ပြန်လာသူ ဖြစ်ပြီး ၎င်း၏ နေအိမ်ရှိရာ လမ်းများအား Lockdown ပြုလုပ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 လူနာအမှတ်(၂၉)သည် Quarantine မပြည့်မီ ပြန်လာသူ ဖြစ်ပြီး ၎င်း၏ နေအိမ်ရှိရာ လမ်းများအား Lockdown ပြုလုပ်မည်

တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် သီးခြားထားရှိ၍ ဆေးကုသမှု ပေးနေသည့် COVID-19 လူနာအမှတ်(၂၉) သည် အင်္ဂလန်နိုင်ငံမှ ပြန်လာပြီးနောက် ရန်ကုန်မြို့၌ Quarantine ပြုလုပ်နေစဉ် ၁၄ ရက် မပြည့်သေးဘဲ မိမိဆန္ဒအလျောက် ပြန်လာသူ ဖြစ်ကာ ၎င်း၏ နေအိမ် ဝန်းကျင်ရှိရာ တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ ဥသြလမ်း၊ မေတ္တာလမ်းနှင့် ခြင်္သေ့လမ်းတို့အား Lockdown ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
.

“ ဝန်ကြီးဌာနက ကြေညာတဲ့ အထဲမှာတော့ သူ ကုသမယ့်ဆေးရုံက စဝ်စံထွန်းလို့ ရေးထားတယ်ပေါ့။ Quarantine ၁၄ ရက် မပြည့်ခင်မှာ သူ့သဘောနဲ့ သူ ပြန်လာတယ်။ သူ့အမေနဲ့ အစ်မက သွားကြိုတယ်၊ သူ့အစ်မက ကား မောင်းတယ်၊ အမေက ဘေးမှာ ထိုင်တယ်။ သူနဲ့ ကလောက သူ့ သူငယ်ချင်းက နောက်မှာ ထိုင်တယ်။ လူနာကိုတော့ စဝ်စံထွန်းဆေးရုံမှာ တင်ထားပြီ။ လူနာကို တောင်ကြီး မရောက်ခင် ပြန်တွေ့တာပါ။”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ပြောသည်။
.
လူနာ၏ သူငယ်ချင်း ဖြစ်သူအား ကလောဆေးရုံတွင် Quarantine ပြုလုပ်ထားပြီ ဖြစ်ကာ၊

လူနာ၏ မိခင်နှင့် အစ်မတို့မှာ ဆေးရုံတွင် Hospital Quarantine  ပြုလုပ်ရန် ငြင်းဆိုပြီး တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ ဥသြလမ်းရှိ ၎င်းတို့ နေအိမ်သို့ ပြန်သွားခြင်းကြောင့် ကျန်းမာရေး ဝန်ထမ်းများက ရဲတပ်ဖွဲ့ဝင်များနှင့်အတူ လိုက်လံ ရှာဖွေ၍ ဆေးရုံတွင် Quarantine ပြုလုပ်ရန် ခေါ်ဆောင်လာပြီယင်း ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ ဥသြလမ်း၊ မေတ္တာလမ်းနှင့် ခြင်္သေ့လမ်းတို့အား Lockdown ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
.
စဝ်စံထွန်း ဆေးရုံကို (လူနာ၏ မိခင်နှင့် အစ်မ) ပို့လိုက်ပြီ။ " ဟု တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးငွေစိုးက ပြောသည်။
.
လက်ရှိတွင် တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ ဥသြလမ်း၊ မေတ္တာလမ်းနှင့် ခြင်္သေ့လမ်းတို့တွင် မီးသတ်ယာဉ်များဖြင့် ပိုးသတ်ဆေး ဖြန်းခြင်းများ ပြုလုပ်နေလျက် ရှိကြောင်း သိရသည်။

=========


“သတင်း ဖြည့်စွက်ချက်”
.
လူနာ၏ မိခင်နှင့် အစ်မတို့မှာ ဆေးရုံတွင် Hospital Quarantine  ပြုလုပ်ရန် ငြင်းဆိုပြီး တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ ဥသြလမ်းရှိ ၎င်းတို့ နေအိမ်သို့ ပြန်သွားခြင်းကြောင့် ကျန်းမာရေး ဝန်ထမ်းများက ရဲတပ်ဖွဲ့ဝင်များနှင့်အတူ လိုက်လံ ရှာဖွေ၍ ဆေးရုံတွင် Quarantine ပြုလုပ်ရန် ခေါ်ဆောင်လာပြီယင်း ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ ဥသြလမ်း၊ မေတ္တာလမ်းနှင့် ခြင်္သေ့လမ်းတို့အား Lockdown ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
 

Journal Download

Photo of three cats