COVID-19 လူနာ ၂ ဦး သေဆုံးခဲ့ရသော်လည်း လူနာအသစ် မရှိကြောင်း ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 လူနာ ၂ ဦး သေဆုံးခဲ့ရသော်လည်း လူနာအသစ် မရှိကြောင်း ထုတ်ပြန်

COVID-19 အတည်ပြုလူနာများအနက် ၂ ဦး ထပ်မံ သေဆုံးခဲ့ရသော်လည်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ (ဧပြီလ ရက်) နာရီ ထုတ်ပြန်ချက်တွင် အတည်ပြုလူနာအသစ် မတွေ့ကြောင်း ကြေညာခဲ့သည်။
.
ယနေ့ သေဆုံးသွားခဲ့သည့် လူနာများမှာ လူနာအမှတ်(၁၇) ဖြစ်သည့် ပေါက်ခေါင်းမြို့နယ်မှ အသက် ၄၇ နှစ်အရွယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် လူနာအမှတ် (၁၆) ဖြစ်သည့် အသက် ၆၃ နှစ်အရွယ် အမျိုးသမီးတို့ ဖြစ်ကာ ယခင် သေဆုံးလူနာ ၁ ဦး ရှိသည့်အတွက် အတည်ပြုလူနာ ၂၂ ဦးအနက် ၃ ဦး သေဆုံးခဲ့ရခြင်း ဖြစ်သည်။
.

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်ချက်တွင် ဓါတ်ခွဲစစ်ဆေးမှုများ ပြုလုပ်သည့် လူနာ ၃၃ ဦးတွင် ရောဂါပိုး မတွေ့ရှိကြောင်းနှင့် နေပြည်တော် ပြည်သူ့ဆေးရုံတွင် တက်ရောက် ကုသမှု ခံယူလျက်ရှိသော လူနာအမှတ် (၇)ဖြစ်သည့် ဆွစ်ဇာလန်နိုင်ငံသူ၊ အသက် ၅၈ နှစ်အရွယ် အမျိုးသမီးသည် ရောဂါ သက်သာကောင်းမွန်လျက် ရှိပြီး ၎င်းထံမှ ဒုတိယအကြိမ် ဓာတ်ခွဲ နမူနာအား ဧပြီလ ၄ ရကတွင် လည်းကောင်း၊ တတိယအကြိမ် ဓာတ်ခွဲနမူနာအား ဧပြီလ ၇ ရကတွင် လည်းကောင်း ရယူ၍ စစ်ဆေးခဲ့ရာ ၂ ကြိမ် စလုံးတွင် COVID-19 ရောဂါပိုး မရှိကြောင်း (မရှိကြောင်း) တွေ့ရှိရသဖြင့် ယနေ့ ညနေပိုင်းတွင် ဆေးရုံမှ ဆင်းခွင့် ပြုခဲ့ပြီး သတ်မှတ်ထားသည့် နေရာတွင် ၁၄ ရက် စောင့်ကြပ်ကြည့်ရှုရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ဖော်ပြထားသည်။
.
မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၂၂ ဦး အနက် သေဆုံးသူ ၃ ဦး၊ ပြန်လည် သက်သာလာသူ ၁ ဦး ရှိကာ ပြည်သူ လူထုအနေဖြင့် ရောဂါကာကွယ်ရေး ဆိုင်ရာ ကျန်းမာရေး ပညာပေး အချက်အလက်များအား တိကျစွာ လိုက်နာ ဆောင်ရွက်ခြင်းဖြင့် မိမိ သာမက မိမိ၏ မိသားစုနှင့် ပတ်ဝန်းကျင်မှ လူများအတွက်ပါ ရောဂါ ကူးစက်မှု မရှိစေရေး ပူးပေါင်း ဆောင်ရွက်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ နှိုးဆော်ထားသည်။
.
ကမ္ဘာ့နိုင်ငံများနှင့် နယ်မြေဒေသများတွင် COVID-19 အတည်ပြု လူနာပေါင်း ၁၃၅၃၃၆၁ ဦးထိ တွေ့ရှိထားကာ ယင်းအနက် သေဆုံးသူမှာ ၇၉၂၃၅ ဦး ရှိကြောင်း WHO ၏ ဧပြီလ ၈ ရက်က ထုတ်ပြန်ချက်များအရ သိရသည်။
.

Journal Download

Photo of three cats