COVID-19 အတည်ပြုလူနာ ၂ ဦး ထပ်မံ တွေ့ရှိ၍ စုစုပေါင်း ၉၆ ဦး ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 အတည်ပြုလူနာ ၂ ဦး ထပ်မံ တွေ့ရှိ၍ စုစုပေါင်း ၉၆ ဦး ရှိ

COVID-19 အတည်ပြုလူနာ အသစ် ၂ ဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ (ဧပြီလ ၁၈ ရက်)၊ ည ၈ နာရီတွင် ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံတွင် အတည်ပြုလူနာ စုစုပေါင်း ၉၆ ဦး ရှိကြောင်း သိရသည်။
.
 
အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၏ ပထမအသုတ် စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာ ၉၁ ခုအနက် ၂  ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိရခြင်း ဖြစ်ကာ ကျန်လူနာ ၈၉ ဦးတွင် COVID-19 ရောဂါပိုး မတွေ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားကာ လူနာအသစ် ၂ ဦး၏ အချက်အလက်များကို ဖော်ပြထားခြင်း မရှိသေးဘဲ သက်ဆိုင်ရာ ဆေးရုံများသို့ လွှဲပြောင်း၍ သီးခြားထားရှိ ကုသမှု ပေးသွားမည်ဟုသာ ဖော်ပြထားသည်။
.
မြန်မာနိုင်ငံတွင် ယနေ့ (ဧပြီလ ၁၈ ရက်)၊ ည ၈ နာရီထိ COVID-19 အတည်ပြုလူနာ ၉၆ ဦး ရှိပြီ ဖြစ်ကာ၊ ယင်းအနက် ၅ ဦး သေဆုံး၍ ၅ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။
.
ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံနှင့် ဒေသအသီးသီးတွင် COVID-19 ရောဂါပိုး အတည်ပြုဖြစ်ပွားသူ ၂၁၆၀၂၀၇ ဦး၊ သေဆုံးသူ ၁၄၆၀၈၈ ဦး ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)၏ ဧပြီလ ၁၈ ရက်၊ ညနေ ၃ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.

Journal Download

Photo of three cats