.
အမျိုးသားကျန်းမာရေး
ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည် ယနေ့တွင်
ရောဂါစောင့်ကြည့်လူနာနှင့် အသွားအလာ ကန့်သတ်ခြင်း/ တားမြစ်ခြင်း ဆောင်ရွက် ထားရှိသူ စုစုပေါင်း
၉၃ ဦး၏ ဓာတ်ခွဲ
နမူနာများအား (ပထမအသုတ်) အနေဖြင့် စစ်ဆေးခဲ့ရာ
၃ ဦးတွင် COVID-19
ရောဂါပိုး တွေ့ရခြင်း
ဖြစ်ကြောင်း သိရသည်။
အဆိုပါ
အတည်ပြုလူနာများမှာ အင်းစိန်ဆေးရုံမှ စောင့်ကြည့်လူနာ ၁ ဦး၊ ရန်ကုန်ပြည်သူ့ဆေးရုံမှ
စောင့်ကြည့်လူနာ ၁ ဦး၊ ကလေးမြို့တွင် အသွားအလာ ကန့်သတ်ထားသူ ၁ ဦးတို့ ဖြစ်ကာ လူနာများ၏
အချက်အလက်များကိုမူ ထုတ်ပြန်ခြင်း မရှိသေးချေ။
.
ထို့အတူ COVID-19 အတည်ပြုလူနာ အမှတ်(၃) ဖြစ်သည့် အသက် ၂၆ နှစ်အရွယ်
အမျိုးသား၊ လူနာအမှတ် (၉) ဖြစ်သည့် အသက် ၄၄ နှစ်အရွယ် အမျိုးသား၊ လူနာအမှတ် (၁၂)
ဖြစ်သည့် အသက် ၆၅ နှစ်အရွယ် အမျိုးသားတို့တွင် ရောဂါပိုး မတွေ့တော့ကြောင်းကိုလည်း ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
မြန်မာနိုင်ငံတွင်
ယနေ့ (ဧပြီလ ၁၇ ရက်)၊ ည ၈ နာရီထိ COVID-19 အတည်ပြုလူနာ ၈၈ ဦး ရှိပြီ ဖြစ်ကာ၊ ယင်းအနက် ၄ ဦး သေဆုံး၍ ၅ ဦးမှာ
ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။
.
ကမ္ဘာတစ်ဝှမ်းရှိ
နိုင်ငံနှင့် ဒေသအသီးသီးတွင် COVID-19
ရောဂါပိုး အတည်ပြုဖြစ်ပွားသူ ၂၀၃၄၈၀၂ ဦး၊ သေဆုံးသူ ၁၃၅၁၆၃ ဦး ရှိကြောင်း
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)၏ ဧပြီလ ၁၇ ရက်၊ ညနေ ၃ နာရီ
ထုတ်ပြန်ချက်အရ သိရသည်။