COVID-19 အတည်ပြုလူနာ ၁၁ ဦး ထပ်မံ တွေ့ကြောင်း ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 အတည်ပြုလူနာ ၁၁ ဦး ထပ်မံ တွေ့ကြောင်း ထုတ်ပြန်



COVID-19 အတည်ပြုလူနာ ၁၁ ဦးတွင် ထပ်မံ တွေ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ (ဧပြီလ ၁၆ ရက်)၊ နံနက် ၁၀ နာရီတွင် ထုတ်ပြန်ခဲ့ရာ မြန်မာ တစ်နိုင်ငံလုံးတွင် COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၈၅ ဦး တွေ့ရှိထားပြီး ပိုးတွေ့သေဆုံးသူ ၄ ဦး၊ ပြန်လည် ကောင်းမွန်လာသူ ၂ ဦး ရှိကြောင်း သိရသည်။
.
ထပ်မံ အတည်ပြုလူနာ ၁၁ ဦးမှာ ရန်ကုန်တိုင်းဒေသကြီးမှ ၉ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ၁ ဦး၊ ချင်းပြည်နယ်မှ ၁ ဦးတို့ ဖြစ်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ဧပြီလ ၁၅ ရက်က ပေးပို့လာသည့် COVID-19 ရောဂါ စောင့်ကြည့်လူနာနှင့် အသွားအလာ ကန့်သတ်ခြင်း/ တားမြစ်ခြင်း ဆောင်ရွက်ထားရှိသူ စုစုပေါင်း ၄၀၀ ဦး၏ ဓာတ်ခွဲ နမူနာများအား စစ်ဆေးစဉ် လူနာ ၁၁ ဦးတွင် ပိုးတွေ့ခြင်း ဖြစ်ပြီး ကျန် ၃၈၉ ဦးတွင် ပိုးတွေ့ခြင်း မရှိကြောင်း သိရသည်။
.
ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံနှင့် ဒေသအသီးသီးတွင် COVID-19 ရောဂါပိုး အတည်ပြုဖြစ်ပွားသူ ၁၉၁၈၁၃၈ ဦး၊ သေဆုံးသူ ၁၂၃၁၂၆ ဦး ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)၏ ဧပြီလ ၁၆ ရက်၊ နံနက် ၅ နာရီ ထုတ်ပြန်ချက်အရ သိရသည်။

Journal Download

Photo of three cats