COVID-19 အတည်ပြုလူနာ ၉ ဦး ထပ်မံတွေ့ရှိပြီး ယနေ့ညတွင် လူနာအသစ် ၂၁ ဦး ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 အတည်ပြုလူနာ ၉ ဦး ထပ်မံတွေ့ရှိပြီး ယနေ့ညတွင် လူနာအသစ် ၂၁ ဦး ရှိ


COVID-19 လူနာ ၉ ဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ယနေ့ (ဧပြီလ ၁၄ ရက်) နံနက် ၀၀ နာရီ ၁၅ မိနစ်တွင် ထုတ်ပြန်ခဲ့ရာ ယခင် ထုတ်ပြန်ထားသော လူနာအသစ် ၁၂ ဦး ရှိခဲ့သဖြင့် ယနေ့ညတွင် အတည်ပြုလူနာ ၂၁ ဦး ရှိကြောင်း သိရသည်။



ထပ်မံတွေ့ရှိသည့် လူနာများမှာ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန် ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့် လူနာအဖြစ် ကုသမှုပေးလျက်ရှိသူ ၈ ဦးနှင့် မြောက်ဥက္ကလာပ ဆေးရုံတွင် စောင့်ကြည့်လူနာ အဖြစ် ကုသမှု ပေးလျက်ရှိသူ ၁ ဦးတို့ ဖြစ်ကြောင်းနှင့် ဓါတ်ခွဲနမူနာ ၃၀၉ ခုအား စစ်ဆေးရာ ၂၁ ဦးတွင် COVID-19 ပိုး တွေ့ရှိ၍ ကျန်သူများတွင် ပိုးမတွေ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
မြန်မာနိုင်ငံတွင် ယနေ့ (ဧပြီလ ၁၄ ရက်)၊ နံနက်အစောပိုင်းထိ အတည်ပြုလူနာ ၆၂ ဦး ရှိပြီ ဖြစ်ကာ ယင်းအနက် ပိုးတွေ့သေဆုံးသူ ၄ ဦး၊ ပြန်လည် သက်သာလာသူ ၂ ဦး ရှိကြောင်းနှင့် အတည်ပြုလူနာ စတင် တွေ့ရှိသည့် မတ်လ ၂၃ ရက်မှ ယနေ့ထိ ထုတ်ပြန်ချက်များအနက် အတည်ပြုလူနာ အများဆုံး တွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။
.
ကမ္ဘာ့နိုင်ငံများနှင့် နယ်မြေဒေသများတွင် COVID-19 အတည်ပြု လူနာပေါင်း ၁၇၇၃၀၈၆ ဦးထိ တွေ့ရှိထားကာ ယင်းအနက် သေဆုံးသူမှာ ၁၁၁၆၅၂ ဦး ရှိကြောင်း WHO ၏ ဧပြီလ ၁၃ ရက်၊ ည ၇ နာရီ ထုတ်ပြန်ချက်များအရ သိရသည်။

Journal Download

Photo of three cats