.
ထပ်မံတွေ့ရှိသည့်
လူနာမှာ မကွေးတိုင်းဒေသကြီး၊
မြို့သစ်မြို့နယ်ရှိ သတ်မှတ်ထားသော နေရာတွင် အသွားအလာ ကန့်သတ်၍ စောင့်ကြပ် ကြည့်ရှုခြင်း
(Quarantine) ဆောင်ရွက်ထားရှိသူဖြစ်ကာ ည ၈ နာရီက ထုတ်ပြန်ခဲ့သည့်
လူနာ ၁၁ ဦးမှာ ရန်ကုန်တိုင်းဒေသကြီးရှိ
သတ်မှတ် နေရာများတွင် အသွားအလာ ကန့်သတ်၍ စောင့်ကြပ် ကြည့်ရှုခြင်း
ဆောင်ရွက်ထားသူများ ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင်
ယနေ့ (ဧပြီလ ၁၃ ရက်)၊ ည ၁၀ နာရီ ၁၅ မိနစ်ထိ အတည်ပြုလူနာ ၅၃ ဦး ရှိပြီ ဖြစ်ကာ
ယင်းအနက် ပိုးတွေ့သေဆုံးသူ ၄ ဦး၊ ပြန်လည် သက်သာလာသူ ၂ ဦး ရှိကြောင်းနှင့်
အတည်ပြုလူနာ စတင် တွေ့ရှိသည့် မတ်လ ၂၃ ရက်မှ ယနေ့ထိ ထုတ်ပြန်ချက်များအနက် အတည်ပြုလူနာ
အများဆုံး တွေ့ရှိခြင်း ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏
ထုတ်ပြန်ချက်များအရ သိရသည်။
.
ကမ္ဘာ့နိုင်ငံများနှင့်
နယ်မြေဒေသများတွင် COVID-19
အတည်ပြု လူနာပေါင်း ၁၇၇၃၀၈၆ ဦးထိ တွေ့ရှိထားကာ ယင်းအနက်
သေဆုံးသူမှာ ၁၁၁၆၅၂ ဦး ရှိကြောင်း WHO ၏ ဧပြီလ ၁၃ ရက်၊ ည ၅ နာရီ ထုတ်ပြန်ချက်များအရ သိရသည်။