.
အဆိုပါ
အတည်ပြုလူနာများမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် နေထိုင်သည့် အသက် ၆၈
နှစ်အရွယ် အမျိုးသမီးနှင့် အင်းစိန်မြို့နယ်တွင် နေထိုင်သည့် အသက် ၃၈ နှစ်အရွယ်
အမျိုးသားတို့ ဖြစ်ပြီး လူနာများမှာ ယခင် အတည်ပြုလူနာများနှင့် ဆက်စပ်သူများ ဖြစ်ကြောင်း
သိရသည်။
.
လူနာအမှတ် (၄၀) ဖြစ်သော ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် နေထိုင်သည့် အသက်
၆၈ နှစ်အရွယ် အမျိုးသမီးသည် ယခင်လူနာအမှတ် (၈)နှင့် (၂၈)၏ မိသားစုဝင် ဖြစ်ကာ
လူနာအမှတ်(၈)အား အတည်ပြုလူနာ အဖြစ် သတ်မှတ်စဉ်ကပင် နေအိမ်၌ အသွားအလာ ကန့်သတ်၍ ဧပြီလ
၉ ရက်တွင် ဓါတ်ခွဲနမူအား စစ်ဆေးရာ ပိုးတွေ့ရှိရခြင်း မရှိသော်လည်း လူနာမှာ မောခြင်း၊
ချောင်းဆိုးခြင်း လက္ခဏာများ ခံစားရသဖြင့် ဧပြီလ ၁၂ ရက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့
သွားရောက် ပြသခဲ့ရာ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ ဓါတ်ခွဲနမူနာအား ထပ်မံ စစ်ဆေးစဉ်
COVID-19
ပိုး တွေ့ရခြင်း ဖြစ်ကြောင်းနှင့် လူနာတွင် သွေးတိုးရောဂါနှင့်
နာတာရှည် ကျောက်ကပ်ရောဂါ အခံများ ရှိကြောင်း သိရသည်။
.
လူနာအမှတ်
(၄၁) ဖြစ်သော အင်းစိန်မြို့နယ်တွင် နေထိုင်သည့် အသက် ၃၈ နှစ်အရွယ် အမျိုးသားသည်
ဧပြီလ ၆ ရက်မှ စတင်၍ ဖျားခြင်း၊
ချောင်းဆိုးခြင်း၊ ကိုယ်လက် နာကျင်ကိုက်ခဲခြင်း၊ နုံးချိခြင်း စသော လက္ခဏာများ ခံစားခဲ့ရသော်လည်း
ရောဂါလက္ခဏာမှာ ပြင်းထန်ခြင်း မရှိသဖြင့် ဆေးရုံသို့ သွားရောက်ပြသ ခဲ့ခြင်း မရှိဘဲ
ယခင်လူနာအမှတ် (၂၄)၊ (၃၄)၊ (၃၅)၊ (၃၆)၊ (၃၇)တို့နှင့် ဘာသာရေး အခမ်းအနား အတူ တက်ရောက်ခဲ့ဖူးသည့်
ရာဇဝင် ရှိပြီး ဧပြီလ ၁၂ ရက်တွင် ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် ကိုယ်လက်ကိုက်ခဲခြင်း
စသော လက္ခဏာများ ထပ်မံ ခံစားခဲ့ရသဖြင့် အင်းစိန်ပြည်သူ့ဆေးရုံကြီး သို့
သွားရောက်ပြသခဲ့ရာ ၎င်းအား စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်၍ စစ်ဆေးစဉ် COVID-19
ပိုး တွေ့ရခြင်း ဖြစ်ကြောင်းနှင့် လူနာအား အင်းစိန်ပြည်သူ့ဆေးရုံကြီးမှ
ဝေဘာဂီအထူးကုဆေးရုံကြီးသို့ လွှဲပြောင်း ကုသရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း
သိရသည်။
.
လက်ရှိ မြန်မာနိုင်ငံရှိ
COVID-19
အတည်ပြုလူနာများမှာ ချင်းပြည်နယ်၊ တီးတိန်
ပြည်သူ့ဆေးရုံတွင် ၃ ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ၂၇ ဦး၊ ရှမ်း
ပြည်နယ် (မြောက်ပိုင်း)၊ လားရှိုး ပြည်သူ့ဆေးရုံကြီးတွင် ၁ ဦး၊
မော်လမြိုင်ပြည်သူ့ဆေးရုံကြီး တွင် ၁ ဦး၊ စဝ်စံထွန်း ပြည်သူ့ဆေးရုံကြီးတွင် ၁ ဦးနှင့်
မြောက်ဥက္ကလာပပြည်သူ့ ဆေးရုံကြီးတွင် ၁ ဦး၊ စုစုပေါင်း ၃၄ ဦး တို့ဖြစ်ပြီး
၎င်းတို့၏ ကျန်းမာရေး အခြေအနေ မှာ တည်ငြိမ်လျက်ရှိကာ ဝေဘာဂီအထူးကုဆေးရုံကြီးရှိ
လူနာ ၁ ဦးအား အထူးကြပ်မတ် ခန်း၌ သီးခြားထားရှိ ဆေးကုသမှု ပေးလျက် ရှိကြောင်း
ကျန်းမာရေးနှင့် အားကစား
ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
.
ကမ္ဘာ့နိုင်ငံများနှင့်
နယ်မြေဒေသများတွင် COVID-19
အတည်ပြု လူနာပေါင်း ၁၆၉၉၅၉၅ ဦးထိ တွေ့ရှိထားကာ ယင်းအနက်
သေဆုံးသူမှာ ၁၀၆၁၃၈ ဦး ရှိကြောင်း WHO ၏ ဧပြီလ ၁၃ ရက်၊ နံနက် အစောပိုင်း ထုတ်ပြန်ချက်များအရ သိရသည်။