.
အဆိုပါ
အတည်ပြုလူနာအမှတ်(၃၉)သည် ရန်ကုန်တိုင်းဒေသကြီး၊
ပန်းဘဲတန်းမြို့နယ်တွင်
နေထိုင်သည့် အသက်
၈၅ နှစ်အရွယ် အမျိုးသား ဖြစ်ကာ
ဧပြီလ ၉ ရက်တွင် ဖျားခြင်း၊
ချောင်းဆိုးခြင်း လက္ခဏာများ စတင် ခံစားခဲ့ရသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဧပြီလ
၁၁ ရက်တွင်
ပြသခဲ့ရာ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ ဓာတ်ခွဲ နမူနာ ရယူ စစ်ဆေးစဉ် COVID-19 ပိုး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
လူနာသည် လွန်ခဲ့သော ၁၄ ရက်အတွင်း ပြည်ပ
နိုင်ငံများသို့ ခရီးသွားလာသော ရာဇဝင် မရှိခဲ့ဘဲ ဆီးချိုရောဂါနှင့်
နှလုံးသွေး ကြောကျဉ်းရောဂါ အခံရှိကာ ဆေးရုံ
စတင် တက်ရောက်သည့် အချိန်တွင် အလွန်မောပန်းလျက် ရှိပြီး သွေးတွင်း
အောက်စီဂျင်ဓာတ်များ ကျဆင်းလျက် ရှိရာ လိုအပ်သော ကုသမှုများ ပေးခဲ့သော်လည်း ဧပြီလ
၁၂ ရက်၊ နံနက် ၆ နာရီတွင် သေဆုံးသွားခဲ့ကြောင်းနှင့်
သေဆုံးရသည့် အကြောင်းအရင်းမှာ ပြင်းထန် အဆုတ်ရောင် ရောဂါ၊
ဆီးချိုရောဂါ၊ သွေးတိုးရောဂါနှင့် နှလုံး သွေးကြောကျဉ်း ရောဂါအခံ
ရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန
ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
.
မြန်မာနိုင်ငံတွင်
COVID-19
အတည်ပြုလူနာ ၃၉ ဦး အနက် သေဆုံးသူ ၄ ဦး၊ ပြန်လည် သက်သာလာသူ ၂
ဦး ရှိကာ ပြည်သူ လူထုအနေဖြင့် လူစုလူဝေး ရှိရာ နေရာများသို့ လုံးဝ (လုံးဝ)
သွားရောက်ခြင်း မပြုရန်နှင့် ရောဂါကာကွယ်ရေး ဆိုင်ရာ ကျန်းမာရေး ပညာပေး အချက်အလက်များအား
တိကျစွာ
လိုက်နာ ဆောင်ရွက်ခြင်းဖြင့်
မိမိ
သာမက မိမိ၏ မိသားစုနှင့် ပတ်ဝန်းကျင်မှ လူများအတွက်ပါ ရောဂါ ကူးစက်မှု မရှိစေရေး
ပူးပေါင်း ဆောင်ရွက်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ နှိုးဆော်ထားသည်။
.
ကမ္ဘာ့နိုင်ငံများနှင့်
နယ်မြေဒေသများတွင် COVID-19
အတည်ပြု လူနာပေါင်း ၁၆၅၄၂၄၇ ဦးထိ တွေ့ရှိထားကာ ယင်းအနက်
သေဆုံးသူမှာ ၁၀၂၁၉၃ ဦး ရှိကြောင်း WHO ၏ ဧပြီလ ၁၂ ရက်၊ နေ့လယ် ၂ နာရီ ထုတ်ပြန်ချက်များအရ သိရသည်။