.
အဆိုပါ လူနာအသစ်များမှာ
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်နေ အသက် ၃၈ နှစ်အရွယ် အမျိုးသား၊ ရွှေပြည်သာမြို့နယ်နေ
အသက် ၂၉ နှစ်အရွယ် အမျိုးသမီး၊ အင်းစိန်မြို့နယ်နေ အသက် ၂၀ နှစ်အရွယ် အမျိုးသား၊ အသက်
၂၄ နှစ်အရွယ် အမျိုးသား၊ အသက် ၃၃ နှစ်အရွယ် အမျိုးသား၊ အသက် ၄၄ နှစ်အရွယ်
အမျိုးသား၊ အသက် ၇၈ နှစ်အရွယ် အမျိုးသမီးတို့ ဖြစ်ကြောင်း သိရသည်။
.
လူနာအမှတ်(၃၂)ဖြစ်သည့်
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်နေ အသက် ၃၈ နှစ်အရွယ် အမျိုးသားသည် မတ်လ
၂၃ ရက်မှ စတင်၍ ဖျားခြင်း၊
ချောင်းဆိုးခြင်း လက္ခဏာများ ခံစားခဲ့ရသဖြင့် လှည်းကူးပြည်သူ့ဆေးရုံသို့ သွားရောက်
ပြသခဲ့ရာ လွန်ခဲ့သော
၃ လခန့်က တရုတ်နိုင်ငံသို့ သွားရောက် အလုပ် လုပ်ကိုင်ခဲ့သည့် ရာဇဝင် ရှိသဖြင့်
စောင့်ကြည့်လူနာအဖြစ် သက်မှတ်၍ ဓါတ်ခွဲနမူနာအား စစ်ဆေးစဉ်
COVID-19
ပိုး တွေ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.
လူနာအမှတ်(၃၃)ဖြစ်သည့်
ရန်ကုန်တိုင်းဒေသကြီး၊
ရွှေပြည်သာမြို့နယ်နေ အသက် ၂၉ နှစ်အရွယ် အမျိုးသမီးသည် ဧပြီလ ၇
ရက်မှ စတင်၍ ဖျားခြင်း၊
ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်းတို့ ခံစားရသဖြင့် ၁၀ ရက်နေ့တွင် အင်းစိန်ပြည်သူ့ ဆေးရုံကြီးသို့
သွားရောက်ပြသခဲ့ရာ ၎င်းအား စောင့်ကြည့်လူနာအဖြစ် သက်မှတ်၍ ဓါတ်ခွဲနမူနာအား
စစ်ဆေးစဉ် COVID-19
ပိုး တွေ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.
လူနာအမှတ်(၃၄)
(၃၅) (၃၆) (၃၇) ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊
အင်းစိန်မြို့နယ်နေ အသက် ၂၀ နှစ်အရွယ် အမျိုးသား၊ အသက် ၂၄ နှစ်အရွယ် အမျိုးသား၊ အသက် ၃၃ နှစ်အရွယ် အမျိုးသားနှင့်
အသက် ၄၄ နှစ်အရွယ် အမျိုးသားတို့သည် ဧပြီလ ၈ ရက်မှ စတင်၍ ဖျားခြင်း၊ လည်ချောင်း
နာခြင်းတို့ ခံစားရသဖြင့် ၁၀ ရက်နေ့တွင် အင်းစိန် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြသ
ခဲ့ရာ စောင့်ကြည့်လူနာများအဖြစ်
သက်မှတ်၍ ဓါတ်ခွဲနမူနာအား စစ်ဆေးစဉ် COVID-19 ပိုး တွေ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.
လူနာအမှတ်
(၃၈) ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊
အင်းစိန်မြို့နယ်နေ အသက် ၇၈ နှစ်အရွယ် အမျိုးသမီး သည် မတ်လ ၂၆ ရက်မှ
စတင်၍
ဖျားခြင်း၊ ချောင်းဆိုး ခြင်း၊ ဝမ်းသွားခြင်းတို့ ခံစားရသဖြင့် ဧပြီလ
၁၀ ရက်တွင် အင်းစိန်ပြည်သူ့
ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ စောင့်ကြည့်လူနာအဖြစ်သက်မှတ်၍ ဓါတ်ခွဲနမူနာ အား
စစ်ဆေးစဉ် COVID-19
ပိုး တွေ့ရခြင်း ဖြစ်ကာ ၎င်းတွင် သွေးတိုးရောဂါ အခံ ရှိကြောင်း
သိရသည်။
.
ထို့အတူ
လူနာအမှတ် (၃၄) (၃၅) (၃၆) (၃၇) တို့သည် နိုင်ငံခြားသားများ ပါဝင်သော ဘာသာရေး အခမ်းအနားသို့
အတူ တက်ရောက်ခဲ့သည့် ရာဇဝင် ရှိကြောင်းနှင့် ဓာတ်ခွဲအတည်ပြု လူနာ ၇ ဦး၏ ကျန်းမာရေး
အခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး ၎င်းတို့အား ဝေဘာဂီအထူးကုဆေးရုံသို့
လွှဲပြောင်းပေးပို့၍ ဆေးကုသမှု ပေးသွားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
.
နိုင်ငံအတွင်း ရောဂါပျံ့နှုံ့မှုအား
ထိန်းချုပ်ရေး ဆောင်ရွက်ရာတွင် သေချာမှု ရှိစေရေးအတွက် ယခင် Facility
Quarantine အသွားအလာ ပိတ်ပင်ကန့်သတ်ခြင်း ၁၄ ရက်ကာလ အစား ယခု Community
Based Facility Quarantine/ Hotel Quarantine ၂၁ ရက်နှင့်
မိမိနေအိမ်တွင် သီးခြားနေထိုင်ခြင်း Home Quarantine ကာလ ၇
ရက်၊ စုစုပေါင်း ၂၈ ရက် ဆောင်ရွက်ကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
.
ကမ္ဘာ့နိုင်ငံများနှင့်
နယ်မြေဒေသများတွင် COVID-19
အတည်ပြု လူနာပေါင်း ၁၆၁၀၉၀၉ ဦးထိ တွေ့ရှိထားကာ ယင်းအနက်
သေဆုံးသူမှာ ၉၉၆၉၀ ဦး ရှိကြောင်းနှင့် အမေရိကန်နိုင်ငံတွင် ၄၆၁၂၇၅ ဦးဖြင့်
ကမ္ဘာပေါ်တွင် ရောဂါပိုး အများဆုံး
တွေ့ရှိရပြီး သေဆုံးသူမှာ ၁၆၅၉၆ ဦး ရှိကြောင်း WHO ၏ ဧပြီလ ၁၁ ရက်၊ ည ၁၀ နာရီက ထုတ်ပြန်ချက်များအရ သိရသည်။