.
“ သူ့ကို သူ့အမေနဲ့ အစ်မက ရန်ကုန်ကနေ
သွားပြီး ကြိုခဲ့တယ်။ ရန်ကုန်က Quarantine လုပ်တဲ့
နေရာကနေ သွား ကြိုလာတာပေါ့။ သူ့ရဲ့ မိတ်ဆွေ တစ်ယောက်လည်း ပါတယ်၊ ကလောကပါ။ ကလောက
တစ်ယောက်ကတော့ ကလောမှာ ဆင်းနေခဲ့တယ်။ သူ့ကို ဆက်သွယ်ပြီး လိုအပ်တဲ့ ကာကွယ်မှုတွေ
လုပ်နေပြီ။” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာ
နှင်းအိဖြူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
လူနာနှင့်အတူ ပြန်လာသည့်
မိခင်နှင့် အစ်မ ဖြစ်သူတို့မှာ တောင်ကြီးမြို့ရှိ နေအိမ်သို့ ပြန်သွားပြီ ဖြစ်သောကြောင့် လိုက်လံရှာဖွေ၍ ၎င်းတို့ နေအိမ်အား ကျန်းမာရေး စောင့်ရှောက်မှု ပေးရန် ပြင်ဆင်နေသည်ဟု ဒေါက်တာ
နှင်းအိဖြူက ဆက်လက် ပြောကြားသည်။
.
ထို့အပြင် လူနာနှင့် ထိတွေ့ခဲ့သူများကို
ရှာဖွေ စုံစမ်း၍ အသွားအလာ ကန့်သတ်ကာ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများ
ပြုလုပ်သွားရန် ကျန်းမာရေးဝန်ထမ်းများက အရေးပေါ် စီစဉ်နေလျက် ရှိကြောင်း သိရသည်။
.
အတည်ပြုလူနာ အမှတ်(၂၉)သည် မတ်လ
၂၈ ရက်တွင် အင်္ဂလန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာသူ ဖြစ်ပြီး
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ သတ်မှတ်ထားသော အဆောက်အဦ တစ်ခုတွင်
အသွားအလာ ကန့်သတ်ထားသူ ဖြစ်ကာ ဓါတ်ခွဲ နမူနာအား စစ်ဆေးစဉ် COVID-19 ပိုး တွေ့ရှိရခြင်း ဖြစ်ကြောင်းနှင့် ယင်းလူနာအား တောင်ကြီးမြို့၊
စဝ်စံထွန်းဆေးရုံသို့ လွှဲပြောင်း ပို့ဆောင်၍ ကုသရန် စီစဉ်နေကြောင်း ကျန်းမာရေးနှင့်
အားကစား ဝန်ကြီးဌာနက ယနေ့ (ဧပြီလ ၁၁ ရက်)၊ ည ၈ နာရီတွင် ထုတ်ပြန်ထားသည်။
.
#KBZTai #Shan #News
#ZayYar
.