လူနာအမှတ်(၁)၏ မိခင်တွင် COVID-19 ပိုး တွေ့ရှိကြောင်း ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လူနာအမှတ်(၁)၏ မိခင်တွင် COVID-19 ပိုး တွေ့ရှိကြောင်း ထုတ်ပြန်

COVID-19 လူနာအမှတ်(၁)၏ မိခင်ဖြစ်သူ အသက် ၅၈ နှစ်အရွယ် အမျိုးသမီးတွင် COVID-19 ပိုးတွေ့ရှိကြောင်းအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ (ဧပြီလ ရက်) နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
အဆိုပါ လူနာအမှတ်(၂၃)သည် လူနာအမှတ်(၁)နှင့်အတူ အမေရိကန်နိုင်ငံမှ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကပ်တဲလ်ကျေးရွာသို့ ရောက်ရှိခဲ့ခြင်း ဖြစ်ကာ၊ လူနာအမှတ်(၁)တွင် ပိုး တွေ့ရှိကြောင်း အတည်ပြုပြီးနောက် ယင်းအား သီးသန့်အိမ် တစ်လုံး၌ သီးခြားစောင့်ကြပ် ကြည့်ရှုခြင်းများ ပြုလုပ်ထားစဉ် ဧပြီလ ၇ ရက်တွင် ဓါတ်ခွဲ နမူနာအား စစ်ဆေးခဲ့ရာ COVID-19 ပိုး တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။
.

လူနာအမှတ်(၂၃)တွင် ယနေ့အထိ သံသယရောဂါလက္ခဏာ တစ်စုံတစ်ရာ တွေ့ရှိရခြင်း မရှိဘဲ ယင်းလူနာအား တီးတိန်မြို့နယ် ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သော ကုသမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၂၃ ဦး အနက် သေဆုံးသူ ၃ ဦး၊ ပြန်လည် သက်သာလာသူ ၁ ဦး ရှိကာ ပြည်သူ လူထုအနေဖြင့် ရောဂါကာကွယ်ရေး ဆိုင်ရာ ကျန်းမာရေး ပညာပေး အချက်အလက်များအား တိကျစွာ လိုက်နာ ဆောင်ရွက်ခြင်းဖြင့် မိမိ သာမက မိမိ၏ မိသားစုနှင့် ပတ်ဝန်းကျင်မှ လူများအတွက်ပါ ရောဂါ ကူးစက်မှု မရှိစေရေး ပူးပေါင်း ဆောင်ရွက်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ နှိုးဆော်ထားသည်။
.
ကမ္ဘာ့နိုင်ငံများနှင့် နယ်မြေဒေသများတွင် COVID-19 အတည်ပြု လူနာပေါင်း ၁၄၃၈၉၉၄ ဦးထိ တွေ့ရှိထားကာ ယင်းအနက် သေဆုံးသူမှာ ၈၅၅၈၆ ဦး ရှိကြောင်း WHO ၏ ဧပြီလ ၉ ရက်က ထုတ်ပြန်ချက်များအရ သိရသည်။

Journal Download

Photo of three cats