COVID-19 လူနာများအနက် ပြန်လည် သက်သာလာသူ ၁ ဦး ထပ်တိုးကာ ပိုးတွေ့သူ အသစ် မရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 လူနာများအနက် ပြန်လည် သက်သာလာသူ ၁ ဦး ထပ်တိုးကာ ပိုးတွေ့သူ အသစ် မရှိ


COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် မတွေ့ရှိကြောင်းနှင့် ပြန်လည် သက်သာလာသူ (ထပ်တိုး) ၁ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ (ဧပြီလ ၃၀ ရက်) ည ၈ နာရီတွင် ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံတွင် COVID-19 ပိုးတွေ့လူနာ ၁၅၀ ဦးအနက် ပြန်လည်သက်သာလာသူ စုစုပေါင်း ၂၈ ဦး ရှိကြောင်း သိရသည်။
.
 
အဆိုပါ ပြန်လည် သက်သာလာသူမှာ COVID-19 လူနာအမှတ်(၂၂) ဖြစ်သည့် အသက်(၅၁)နှစ်အရွယ် အမျိုးသမီး ဖြစ်ကာ ဝေဘာဂီအထူးကုဆေးရုံ၌ ဆေးကုသမှု ခံယူနေသူ ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (ဧပြီလ ၃၀ ရက်)၊ ည ၈ နာရီထိ COVID-19 အတည်ပြုလူနာ ၁၅၀ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၂၈ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၇ ဦး ရှိကာ ၁ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats