ချင်းပြည်နယ်တွင် COVID-19 လူနာ အသစ် ၁ ဦး ထပ်တွေ့၊ စုစုပေါင်းလူနာ ၁၅၀ ဦး ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ချင်းပြည်နယ်တွင် COVID-19 လူနာ အသစ် ၁ ဦး ထပ်တွေ့၊ စုစုပေါင်းလူနာ ၁၅၀ ဦး ရှိ

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၁ ဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ (ဧပြီလ ၂၉ ရက်) နံနက် ၇ နာရီတွင် ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံတွင် COVID-19 ပိုးတွေ့လူနာ စုစုပေါင်း ၁၅၀ ဦး ရှိကြောင်း သိရသည်။

အဆိုပါ အတည်ပြုလူနာ အမှတ် (၁၅၀)သည် ချင်းပြည်နယ်၊ ဟားခါးမြို့မှ အသက် ၁၈ နှစ်အရွယ် အမျိုးသမီး ဖြစ်ပြီး COVID-19 ပိုးတွေ့လူနာများနှင့် ထိတွေ့မှု မရှိသော်လည်း ပြည်ပသို့ ခရီးသွား ရာဇဝင်ရှိသူ ဖြစ်ကြောင်း သိရသည်။
.
အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ယနေ့နံနက်အထိ ဒုတိယအသုတ် အဖြစ် စစ်ဆေးပြီးခဲ့သော ဓာတ်ခွဲနမူနာ ၂၆၈ ခုအနက် ၁ ဦးတွင် COVID-19 ပိုး တွေ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (ဧပြီလ ၂၉ ရက်)၊ နံနက် ၇ နာရီထိ COVID-19 အတည်ပြုလူနာ ၁၅၀ ဦး ရှိပြီ ဖြစ်ကာ၊ ယင်းအနက် ၅ ဦး သေဆုံး၍ ၁၆ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၇ ဦး ရှိကာ ၁ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats