COVID-19 လူနာ အသစ် ၃ ဦး ထပ်တွေ့၊ စုစုပေါင်းလူနာ ၁၄၉ ဦး ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 လူနာ အသစ် ၃ ဦး ထပ်တွေ့၊ စုစုပေါင်းလူနာ ၁၄၉ ဦး ရှိ

COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၃ ဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ (ဧပြီလ ၂၈ ရက်) ည ၈ နာရီတွင် ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံတွင် COVID-19 ပိုးတွေ့လူနာ စုစုပေါင်း ၁၄၉ ဦး ရှိကြောင်း သိရသည်။

အဆိုပါ အတည်ပြုလူနာများမှာ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်တို့မှ ဖြစ်ပြီး COVID-19 ပိုးတွေ့လူနာများနှင့် ထိတွေ့မှု ရှိ၍ အသွားအလာ ကန့်သတ်ထားသူ အမျိုးသားများ ဖြစ်ကြောင်း သိရသည်။
.
အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) နှင့် ဆေးသုတေသနဦးစီးဌာန (DMR) တို့မှ ယနေ့ည ၈ နာရီအထိ ပထမအသုတ်၌ စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာ ၁၄၅ ခုအနက် ၃ ဦးတွင် COVID-19 ပိုး တွေ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (ဧပြီလ ၂၈ ရက်)၊ ည ၈ နာရီထိ COVID-19 အတည်ပြုလူနာ ၁၄၉ ဦး ရှိပြီ ဖြစ်ကာ၊ ယင်းအနက် ၅ ဦး သေဆုံး၍ ၁၆ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၇ ဦး ရှိကာ ၁ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။
.
#KBZTai  #COVID19  #News

Journal Download

Photo of three cats