.
အဆိုပါ အတည်ပြုလူနာ
အမှတ် (၁၄၄)မှာ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှ အသက် ၂၄ နှစ်အရွယ် အမျိုးသား
ဖြစ်ကာ ၎င်းလူနာသည် ကချင်ပြည်နယ်၏ ပထမဆုံးသော COVID-19 လူနာ ဖြစ်သည်။
.
အမျိုးသားကျန်းမာရေး
ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)
နှင့် ဆေးသုတေသနဦးစီးဌာန (DMR) တို့မှ ယနေ့ည ၁၁
နာရီအထိ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ
၃၅၀ ခုအနက် ၅ ဦးတွင် COVID-19 ပိုး တွေ့ရခြင်း ဖြစ်ပြီး လူနာများကို
သက်ဆိုင်ရာ ဆေးရုံများသို့ လွှဲပြောင်း ကုသပေးမည် ဖြစ်ကြောင်း သိရသည်။.
မြန်မာနိုင်ငံတွင်
မတ်လ ၂၃ ရက်မှ ယနေ့ (ဧပြီလ ၂၄ ရက်) ည ၁၁ နာရီထိ COVID-19 အတည်ပြုလူနာ ၁၄၄ ဦး ရှိပြီ ဖြစ်ကာ၊ ယင်းအနက် ၅ ဦး သေဆုံး၍ ၉ ဦးမှာ
ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၇ ဦး ရှိကြောင်း သိရသည်။
.