မူဆယ်မှ တစ်ဦး အပါအဝင် COVID-19 အတည်ပြုလူနာအသစ် ၄ ဦး ထပ်မံ တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မူဆယ်မှ တစ်ဦး အပါအဝင် COVID-19 အတည်ပြုလူနာအသစ် ၄ ဦး ထပ်မံ တွေ့ရှိ


ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်မှ အမျိုးသမီး တစ်ဦး အပါအဝင် COVID-19 အတည်ပြုလူနာ အသစ် ၄ ဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဧပြီလ ၂၄ ရက် ၊ ည ၈ နာရီတွင် ထုတ်ပြန်ခဲ့သည်။
.

အဆိုပါ မူဆယ်မြို့နယ်မှ အတည်ပြုလူနာအမှတ် (၁၄၃)မှာ အသက် ၈၇ နှစ်အရွယ် အမျိုးသမီး ဖြစ်ကာ ပိုးတွေ့လူနာနှင့် ထိတွေ့မှု မရှိသော်လည်း ပြည်ပသို့ ခရီးသွား ရာဇဝင် ရှိသူ ဖြစ်ပြီး ကျန် လူနာများမှာ ရန်ကုန်တိုင်းဒေသကြီးမှ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) နှင့် ဆေးသုတေသနဦးစီးဌာန (DMR) တို့မှ ယနေ့ည ၈  နာရီအထိ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၁၆၇ ခုအနက် ၄ ဦးတွင် COVID-19 ပိုး တွေ့ရခြင်း ဖြစ်ပြီး လူနာများကို သက်ဆိုင်ရာ ဆေးရုံများသို့ လွှဲပြောင်း ကုသပေးမည် ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (ဧပြီလ ၂၄ ရက်) ည ၈ နာရီထိ COVID-19 အတည်ပြုလူနာ ၁၄၃ ဦး ရှိပြီ ဖြစ်ကာ၊ ယင်းအနက် ၅ ဦး သေဆုံး၍ ၉ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၇ ဦး ရှိကြောင်း သိရသည်။
.
#KBZTai  #COVID19  #News

Journal Download

Photo of three cats