.
အဆိုပါ အတည်ပြုလူနာများမှာ
ရန်ကုန်တိုင်းဒေသကြီးမှ ၄ ဦးနှင့် မန္တလေးတိုင်းဒေသကြီးမှ ၁ ဦးတို့ ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှ
လူနာများသည် အတည်ပြုလူနာများနှင့် ထိတွေ့မှု ရှိခဲ့သော်လည်း မန္တလေးတိုင်းဒေသကြီးမှ
လူနာသည် အတည်ပြုလူနာနှင့် ထိတွေ့မှု မရှိသည့်အပြင် ပြည်ပသို့ သွားရောက်သည့်
ခရီးသွား ရာဇဝင် မရှိသည့် အသက် ၈၀ အရွယ် အမျိုးသား ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
.
မြန်မာနိုင်ငံတွင်
မတ်လ ၂၃ ရက်မှ ယနေ့ (ဧပြီလ ၂၃ ရက်) ည ၈ နာရီထိ COVID-19 အတည်ပြုလူနာ ၁၃၂ ဦး ရှိပြီ ဖြစ်ကာ၊ ယင်းအနက် ၅ ဦး သေဆုံး၍ ၉ ဦးမှာ
ပြန်လည် သက်သာလာပြီ ဖြစ်ကာ ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ
၆ ဦး ရှိကြောင်း သိရသည်။