COVID-19 အတည်ပြုလူနာ အသစ် ၂ ဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာနက ဧပြီလ ၂၃ ရက် ၊ နံနက် ၇ နာရီတွင် ဆက်လက် ထုတ်ပြန်ခဲ့သဖြင့်
မြန်မာနိုင်ငံတွင် အတည်ပြုလူနာ ၁၂၇ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အတည်ပြုလူနာများမှာ
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်မှ အသက် ၄၅ နှစ်အရွယ် အမျိုးသား၊ ဗိုလ်တထောင်
မြို့နယ်မှ အသက် ၁၈ နှစ်အရွယ် အမျိုးသား၊ တာမွေမြို့နယ်မှ အသက် ၄၇ နှစ်အရွယ်
အမျိုးသားနှင့် အင်းစိန်မြို့နယ်မှ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတို့ ဖြစ်ကာ
လူနာများမှာ အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့ဖူးသူများ ဖြစ်ခြင်းကြောင့် အသွားအလာ
ကန့်သတ်ထားသူများ ဖြစ်ကြောင်း သိရသည်။
.
အမျိုးသားကျန်းမာရေး
ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သည် ဧပြီလ ၂၂ ရက်၏ ဒုတိယအသုတ် အဖြစ် စစ်ဆေးခဲ့သော
ဓာတ်ခွဲနမူနာ ၇၂ ခုအနက် ၄ ဦးတွင် COVID-19 ပိုး တွေ့ရခြင်း ဖြစ်ပြီး၊ ယင်းနေ့ တစ်ရက်တာ အတွင်း အတည်ပြုလူနာအသစ် ၆
ဦး တွေ့ရခြင်း ဖြစ်ကာ လူနာများကို သက်ဆိုင်ရာ ဆေးရုံများသို့ လွှဲပြောင်း
ကုသပေးမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။.
မြန်မာနိုင်ငံတွင်
ဧပြီလ ၂၃ ရက်၊ နံနက် ၇ နာရီထိ COVID-19 အတည်ပြုလူနာ
၁၂၇ ဦး ရှိပြီ ဖြစ်ကာ၊ ယင်းအနက် ၅ ဦး သေဆုံး၍ ၉ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကာ
ရှမ်းပြည်နယ်တွင်မူ အတည်ပြုလူနာ ၆ ဦး ရှိကြောင်း သိရသည်။