COVID-19 အတည်ပြုလူနာအသစ် ၂ ဦး ထပ်မံ တွေ့ရှိ၊ စုစုပေါင်း ၁၂၃ ဦး ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 အတည်ပြုလူနာအသစ် ၂ ဦး ထပ်မံ တွေ့ရှိ၊ စုစုပေါင်း ၁၂၃ ဦး ရှိ

COVID-19 အတည်ပြုလူနာ အသစ် ၂ ဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဧပြီလ ၂၂ ရက် ၊ ည ၈ နာရီတွင် ပထမအသုတ်အဖြစ် ထုတ်ပြန်ခဲ့သဖြင့် မြန်မာနိုင်ငံတွင် အတည်ပြုလူနာ ၁၂၃ ဦး ရှိပြီ ဖြစ်သည်။
.
အဆိုပါ အတည်ပြုလူနာများမှာ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်မှ အသက် ၂၈ နှစ်အရွယ် အမျိုးသားနှင့် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်မှ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတို့ ဖြစ်ကာ လူနာများမှာ အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့ဖူးသူများ ဖြစ်ခြင်းကြောင့် အသွားအလာ ကန့်သတ်ထားသူများ ဖြစ်ကြောင်း သိရသည်။
.

အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သည် ဧပြီလ ၂၂ ရက်တွင် ပထမအသုတ် အဖြစ် စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာ ၁၈၀ ခုအနက် ၂ ဦးတွင် COVID-19 ပိုး တွေ့ရခြင်း ဖြစ်ပြီး လူနာများကို သက်ဆိုင်ရာ ဆေးရုံများသို့ လွှဲပြောင်း ကုသပေးမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
မြန်မာနိုင်ငံတွင် ဧပြီလ ၂၂ ရက်၊ ည ၈ နာရီထိ COVID-19 အတည်ပြုလူနာ ၁၂၃ ဦး ရှိပြီ ဖြစ်ကာ၊ ယင်းအနက် ၅ ဦး သေဆုံး၍ ၉ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကာ ရှမ်းပြည်နယ်တွင်မူ အတည်ပြုလူနာ ၆ ဦး ရှိကြောင်း သိရသည်။

Journal Download

Photo of three cats