COVID-19 လူနာအမှတ်(၁၂၁)မှာ တောင်ကြီးမြို့၊ မြို့မရပ်ကွက်မှ ဖြစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, April 21, 2020

COVID-19 လူနာအမှတ်(၁၂၁)မှာ တောင်ကြီးမြို့၊ မြို့မရပ်ကွက်မှ ဖြစ်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ယနေ့ (ဧပြီလ ၂၁ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်၌ ပါရှိခဲ့သည့် COVID-19 လူနာအမှတ်(၁၂၁)မှာ တောင်ကြီးမြို့၊ မြို့မရပ်ကွက်တွင် နေထိုင်သူ ဖြစ်ကြောင်း သိရသည်။
.
“ သူက ရန်ကုန်မှာ Hotel Quarantine ၁၄ ရက် ဝင်ခဲ့တယ်။ တောင်ကြီးကို ဧပြီလ ၅ ရက်မှာ ပြန်ရောက်တယ်။ သူ့အိမ်မှာပဲ နေတယ်။ မိသားစုဝင်တွေကို အိမ်မှာပဲ Home Quarantine လုပ်ထားတယ်။ လူနာကိုတော့ စဝ်စံထွန်း ဆေးရုံကို လွှဲရမှာပါ။” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာ ဇဝနကိုက  ပြောသည်။
.

အဆိုပါ လူနာသည် တောင်ကြီးမြို့ရှိ ၎င်း၏ နေအိမ်၌ အဖိုး၊ အဖွား၊ အဖေ၊ အလုပ်သမား အမျိုးသမီးတို့နှင့် အတူ နေထိုင်သည့် အပြင် သီးခြားအိမ်၌ နေထိုင်သည့် မိခင်နှင့် အစ်မ ဖြစ်သူတို့နှင့်လည်း မကြာခဏ တွေ့ဆုံလေ့ ရှိကြောင်း ဒေါက်တာ ဇဝနကိုထံမှ သိရသည်။
.
လက်ရှိတွင် အတည်ပြုလူနာ၏ နေအိမ်အား ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တာဝန် ရှိသူများက အရေးပေါ် စီစဉ်နေလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About