တောင်ကြီးမှ တစ်ဦး အပါအဝင် COVID-19 အတည်ပြုလူနာအသစ် ၂ ဦး ထပ်မံ တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမှ တစ်ဦး အပါအဝင် COVID-19 အတည်ပြုလူနာအသစ် ၂ ဦး ထပ်မံ တွေ့ရှိ

တောင်ကြီးမြို့မှ လူနာ တစ်ဦး အပါအဝင် COVID-19 အတည်ပြုလူနာ အသစ် ၂ ဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဧပြီလ ၂၁ ရက် ၊ ည ၈ နာရီတွင် ပထမအသုတ်အဖြစ် ထုတ်ပြန်ခဲ့သည်။
.
အဆိုပါ တောင်ကြီးမြို့မှ အတည်ပြုလူနာ အမှတ်(၁၂၁)သည် အသက် ၂၁ နှစ်အရွယ် အမျိုးသမီး ဖြစ်ကာ အသွားအလာ ကန့်သတ်ထားရှိသူ ဖြစ်ပြီး အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့ဖူးခြင်း မရှိဘဲ ပြည်ပသို့ ခရီးသွားရာဇဝင် ရှိခဲ့သူ ဖြစ်ကြောင်း သိရသည်။
.

“ လူနာက အနံ့အရသာ မရတဲ့ မိန်းကလေးပါ။ တောင်ကြီးကပါပဲ၊ အတည်ပြု လူနာတွေနဲ့တော့ ထိတွေ့မှု မရှိပါဘူး၊ သူက အင်္ဂလန်က ပြန်လာတဲ့သူပါ။” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ နှင်းအိဖြူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သည် ဧပြီလ ၂၁ ရက်တွင် ပထမအသုတ် အဖြစ် စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာ ၁၈၅ ခုအနက် ၂ ဦးတွင် COVID-19 ပိုး တွေ့ရခြင်း ဖြစ်ပြီး လူနာများကို သက်ဆိုင်ရာ ဆေးရုံများသို့ လွှဲပြောင်း ကုသပေးမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
မြန်မာနိုင်ငံတွင် ဧပြီလ ၂၁ ရက်၊ ည ၈ နာရီထိ COVID-19 အတည်ပြုလူနာ ၁၂၁ ဦး ရှိပြီ ဖြစ်ကာ၊ ယင်းအနက် ၅ ဦး သေဆုံး၍ ၉ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကာ ရှမ်းပြည်နယ်တွင်မူ အတည်ပြုလူနာ ၆ ဦး ရှိကြောင်း သိရသည်။

Journal Download

Photo of three cats