COVID-19 အတည်ပြုလူနာအသစ် ၂ ဦး ထပ်မံ တွေ့ရှိ၊ စုစုပေါင်း ၁၁၉ ဦး ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 အတည်ပြုလူနာအသစ် ၂ ဦး ထပ်မံ တွေ့ရှိ၊ စုစုပေါင်း ၁၁၉ ဦး ရှိ


COVID-19 အတည်ပြုလူနာ အသစ် ၂ ဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဧပြီလ ၂၀ ရက် ၊ ည ၁၁ နာရီတွင် ဒုတိယအသုတ်အဖြစ် ဆက်လက် ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံတွင် အတည်ပြုလူနာ စုစုပေါင်း ၁၁၉ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။



ယခု ဒုတိယအသုတ် ထုတ်ပြန်ချက်၌ ပါဝင်သည့် အတည်ပြုလူနာများမှာ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့မှ အသွားအလာ ကန့်သတ်ထားသည့် အသက် ၃၁ နှစ်အရွယ် အမျိုးသမီးများ ဖြစ်ကာ၊ ပထမအသုတ် ထုတ်ပြန်ချက်(ည ၈ နာရီ) ၌ အတည်ပြု လူနာ ၆ ဦး ပါရှိခြင်းကြောင့် ယနေ့တွင် အတည်ပြုလူနာအသစ် ၈ ဦး ရှိပြီ ဖြစ်သည်။
.
အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သည် ဧပြီလ ၂၀ ရက်တွင် ပထမအသုတ် အဖြစ် စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာ ၁၈၁ ခုအနက် ၆ ဦး၊ ဒုတိယအသုတ် အဖြစ် စစ်ဆေးခဲ့သော ဓါတ်ခွဲနမူနာ ၂၄၆ ခုအနက် ၂ ဦး၊ စုစုပေါင်း ၆ ဦးတွင် COVID-19 ပိုး တွေ့ရခြင်း ဖြစ်ပြီး လူနာများကို သက်ဆိုင်ရာ ဆေးရုံများသို့ လွှဲပြောင်း ကုသပေးမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
မြန်မာနိုင်ငံတွင် ဧပြီလ ၂၀ ရက်၊ ည ၁၁ နာရီထိ COVID-19 အတည်ပြုလူနာ ၁၁၉ ဦး ရှိပြီ ဖြစ်ကာ၊ ယင်းအနက် ၅ ဦး သေဆုံး၍ ၉ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကာ ရှမ်းပြည်နယ်တွင်မူ အတည်ပြုလူနာ ၅ ဦး ရှိကြောင်း သိရသည်။

Journal Download

Photo of three cats