.
အတည်ပြုလူနာ
အမှတ်(၁၁၂)ဖြစ်သော အသက် ၂၉ နှစ်အရွယ် အမျိုးသမီးသည် တာချီလိတ်၌ အသွားအလာ ကန့်သတ်ထားသူ
ဖြစ်ပြီး ကျန်လူနာများမှာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှ ၁ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၊
ကလေးမြို့နယ်မှ ၄ ဦးတို့ ဖြစ်ကြောင်း သိရသည်။
.
အမျိုးသားကျန်းမာရေး
ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သည် ဧပြီလ ၂၀ ရက်တွင် ပထမအသုတ် အဖြစ် စစ်ဆေးခဲ့သော
ဓာတ်ခွဲနမူနာ ၁၈၁ ခုအနက် ၆ ဦးတွင် COVID-19 ပိုး တွေ့ရခြင်း ဖြစ်ပြီး လူနာများကို သက်ဆိုင်ရာ ဆေးရုံများသို့ လွှဲပြောင်း
ကုသပေးမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။.
မြန်မာနိုင်ငံတွင်
ဧပြီလ ၂၀ ရက်၊ ည ၈ နာရီထိ COVID-19 အတည်ပြုလူနာ ၁၁၇ ဦး ရှိပြီ ဖြစ်ကာ၊
ယင်းအနက် ၅ ဦး သေဆုံး၍ ၉ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကာ ရှမ်းပြည်နယ်တွင်
အတည်ပြုလူနာ ၅ ဦး ရှိကြောင်း သိရသည်။