COVID-19 အတည်ပြုလူနာ ၃ ဦး ထပ်မံ တွေ့ရှိကာ လူနာအသစ် စုစုပေါင်း ၄ ဦးရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 အတည်ပြုလူနာ ၃ ဦး ထပ်မံ တွေ့ရှိကာ လူနာအသစ် စုစုပေါင်း ၄ ဦးရှိ

COVID-19 အတည်ပြုလူနာ အသစ် ၃ ဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဧပြီလ ၁၉ ရက် ၊ ည ၁၁ နာရီ ၁၅ မိနစ်တွင် ဒုတိယ အသုတ်အဖြစ် ထုတ်ပြန်ခဲ့သဖြင့် အတည်ပြုလူနာ အသစ် ၄ ဦး ရှိပြီ ဖြစ်သည်။
.

အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သည် ဧပြီလ ၁၉ ရက်တွင် ပထမအသုတ် အဖြစ် စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာ ၁၈၈ ခုအနက် ၁ ဦး၊ ဒုတိယ အသုတ်အဖြစ် စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာ ၁၈၁ ခုအနက် ၃ ဦး၊ စုစုပေါင်း ၄ ဦးတွင် COVID-19 ပိုး တွေ့ရခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
အဆိုပါ အတည်ပြုလူနာများမှာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့မှ စောင့်ကြည့်လူနာများ ဖြစ်ပြီး လူနာများကို သက်ဆိုင်ရာ ဆေးရုံများသို့ လွှဲပြောင်း၍ သီးခြားထားရှိ ကုသသွားမည် ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် ဧပြီလ ၁၉ ရက်ထိ COVID-19 အတည်ပြုလူနာ ၁၁၁ ဦး ရှိပြီ ဖြစ်ကာ၊ ယင်းအနက် ၅ ဦး သေဆုံး၍ ၇ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကာ ရှမ်းပြည်နယ်တွင် အတည်ပြုလူနာ ၄ ဦး ရှိကြောင်း သိရသည်။

Journal Download

Photo of three cats