COVID-19 ပိုးတွေ့လူနာ အမှတ်(၁၁၀) သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 ပိုးတွေ့လူနာ အမှတ်(၁၁၀) သေဆုံး

COVID-19  ပိုးတွေ့ အတည်ပြုလူနာ အမှတ်(၁၁၀) သေဆုံးသွားကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ယနေ့ (ဧပြီလ ၂၉ ရက်)၊ နေ့လယ်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
.
အဆိုပါ သေဆုံးသူ လူနာအမှတ် (၁၁၀)မှာ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်မှ အသက် ၆၃ နှစ်အရွယ် အမျိုးသား ဖြစ်ပြီး တောင်ဥက္ကလာပ ဆေးရုံတွင် ဆေးကုသမှု ခံယူနေစဉ် ဧပြီလ ၂၉ ရက်၊ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.

လူနာအမှတ် (၁၁၀)သည် ပြင်းထန် အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်း ပျက်စီးခြင်း၊ အသက်ရှူ လမ်းကြောင်း အတွင်း ဘက်တီးရီးယားပိုး ဝင်ရောက်ခြင်းနှင့် ရုတ်တရက် ကျောက်ကပ် ပျက်စီးခြင်း တို့ကြောင့် သေဆုံးရခြင်း ဖြစ်သည်ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
မြန်မာနိုင်ငံရှိ COVID-19  ပိုးတွေ့ အတည်ပြုလူနာ ၁၅၀ ဦးအနက် ပြန်လည်သက်သာလာသူ ၁၆ ဦး၊ သေဆုံးသူ ၆ ဦး ရှိပြီ ဖြစ်ကာ ယင်းသေဆုံးသူ လူနာများမှာ လူနာအမှတ် (၅)၊ (၁၆)၊ (၁၇)၊ (၃၉)၊ (၈၆)နှင့် (၁၁၀)တို့ ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats