COVID-19 အတည်ပြုလူနာ ၁ ဦး ထပ်မံ တွေ့ရှိ၊ လူနာ ၂ ဦး ပြန်လည် ကောင်းမွန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 အတည်ပြုလူနာ ၁ ဦး ထပ်မံ တွေ့ရှိ၊ လူနာ ၂ ဦး ပြန်လည် ကောင်းမွန်

COVID-19 အတည်ပြုလူနာ အသစ် ၁ ဦး ထပ်မံတွေ့ရှိကြောင်းနှင့် လူနာ ၂ ဦးတွင် ပိုး မတွေ့ရှိတော့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ (ဧပြီလ ၁၉ ရက်)၊ ည ၈ နာရီတွင် ထုတ်ပြန်ခဲ့သည်။
.
အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သည် ဧပြီလ ၁၉ ရက်တွင် ပထမအသုတ် အဖြစ် စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာ ၁၈၈ ခုအနက် ၁ ဦးတွင် ပိုး တွေ့ရခြင်း ဖြစ်ပြီး အဆိုပါ အတည်ပြု လူနာအမှတ်(၁၀၈)၏ အချက်အလက်များအား ဖော်ပြထားခြင်း မရှိဘဲ လူနာအား သက်ဆိုင်ရာ ဆေးရုံသို့ လွှဲပြောင်း၍ သီးခြားထားရှိ ဆေးကုသမှု ပေးသွားမည်ဟုသာ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.

ထို့အပြင် အတည်ပြုလူနာအမှတ် (၁၁)ဖြစ်သည့် အသက် ၆၆ နှစ်အရွယ် ပြင်သစ်နိုင်ငံသူနှင့် လူနာအမှတ် (၁၅) ဖြစ်သည့် အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတို့၏ ဓါတ်ခွဲနမူနာများတွင် COVID-19 ပိုး တွေ့ရှိရခြင်း မရှိတော့ကြောင်းကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
.
မြန်မာနိုင်ငံတွင် ယနေ့ (ဧပြီလ ၁၉ ရက်)၊ ည ၈ နာရီထိ COVID-19 အတည်ပြုလူနာ ၁၀၈ ဦး ရှိပြီ ဖြစ်ကာ၊ ယင်းအနက် ၅ ဦး သေဆုံး၍ ၇ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကာ ရှမ်းပြည်နယ်တွင် အတည်ပြုလူနာ ၄ ဦး ရှိကြောင်း သိရသည်။

Journal Download

Photo of three cats