မူဆယ်တွင် ဗုံး ၂ လုံး ပေါက်ကွဲ၍ ကား ၁ စီးနှင့် အဆောက်အဦများ ထိခိုက်ပျက်စီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မူဆယ်တွင် ဗုံး ၂ လုံး ပေါက်ကွဲ၍ ကား ၁ စီးနှင့် အဆောက်အဦများ ထိခိုက်ပျက်စီး


စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ဧပြီလ ၁၂ ရက်၊ ည ၁၀ နာရီခွဲခန့်က ဗုံး ၂ လုံးပေါက်ကွဲမှုကြောင့် ကား ၁ စီးနှင့် အဆောက်အဦများ ထိခိုက် ပျက်ဆီးခဲ့ကြောင်း မူဆယ်မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
.
“ ဗုံးက ဆက်တိုက် ကွဲတာပါ၊ လက်လုပ်ဗုံးပါ။ လူတော့ အထိအခိုက် မရှိပါဘူး၊ ကား ၁ စီးတော့ ပျက်စီးတယ်၊ MPT ဆင်းကတ် အရောင်းဆိုင်လည်း အနည်းငယ် ပျက်စီးပါတယ်။” ဟု မူဆယ်မြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်၊ ပြည်ထောင်စု လမ်းမကြီးဘေးရှိ  အကောက်ခွန်ရုံးနှင့် မျက်နှာချင်းဆိုင် MPT ဆင်းကတ် အရောင်းဆိုင်နှင့် စာတိုက်ကြားတွင် ဧပြီလ ၁၂ ရက်၊ ညပိုင်း ၁၀နာရီခွဲခန့်တွင် လက်လုပ်ဗုံး ၂ လုံး ဆက်တိုက် ပေါက်ကွဲသဖြင့် အနီး၌ ရပ်ထားသည့် ကား ၁ စီးနှင့် MPT ဆင်းကတ်အရောင်းဆိုင်တို့ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့သော်လည်း အများပြည်သူ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း သိရသည်။
.
 
COVID-19 နဲ့ ပတ်သက်ပြီးတော့ Alert လုပ်ထားတာနဲ့ လုံခြုံရေးပိုင်းတော့ ရဲတပ်ဖွဲ့က လုပ်နေတာ ဖြစ်ပါတယ်၊ လုပ်စရာ ရှိတာတွေတော့ အားလုံး လုပ်နေကြပါတယ်။” ဟု မူဆယ်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဥက္ကာက ပြောသည်။
.
လက်ရှိတွင် ရဲတပ်ဖွဲ့မှ လုံခြုံရေး ဆောင်ရွက်နေပြီး COVID-19 နှင့် ပတ်သက်၍ အပြင်ထွက်သူ မရှိခြင်းကြောင့် ထိခိုက်မှု မရှိသော်လည်း ယခုကဲ့သို့ အချိန်အခါမျိုးတွင် ဗုံး ပေါက်ကွဲရခြင်းမှာ မဖြစ်သင့်ကြောင်း ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်းက ပြောသည်။
.
အဆိုပါ ဗုံးများ ပေါက်ကွဲမှုကြောင့် MPT ဆင်းကတ်အရောင်းဆိုင်၏ ဆိုင်းဘုတ်များ ပျက်စီး လွင့်ကျခြင်း၊ ဆိုင်ရှေ့မှန်များ ကွဲကြေခြင်း၊ အုတ်နံရံ ထိမှန် ပျက်စီးခြင်း၊ ဆိုင်တံခါးအား ဗုံးစများ ထိမှန် ပျက်စီးခြင်းနှင့် အနီးတွင် ရပ်ထားသည့် ကား ၁ စီး ထိခိုက်ပျက်ဆီးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
.

Journal Download

Photo of three cats