ဘုရား၊ ပုထိုးနှင့် စေတီများအား ပိတ်ထားရန် ရှမ်းပြည်နယ်အစိုးရ မေတ္တာရပ်ခံ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဘုရား၊ ပုထိုးနှင့် စေတီများအား ပိတ်ထားရန် ရှမ်းပြည်နယ်အစိုးရ မေတ္တာရပ်ခံ


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် အသီးသီးမှ ဘုရား၊ ပုထိုးနှင့် စေတီများအား COVID-19 ကူးစက်ရောဂါ ကာကွယ်ရေးအတွက် ပိတ်ထားရန် ရှမ်းပြည်နယ်အစိုးရက မေတ္တာရပ်ခံထားကြောင်း သိရသည်။
.
အဆိုပါ မေတ္တာရပ်ခံ ပန်ကြားစာအား သာသနာရေးမှူးရုံးများသို့ ဧပြီလ ရက်က ပို့ဆောင်ထားခြင်း ဖြစ်ပြီး လက်ရှိ ဖြစ်ပေါ်နေသည့် COVID-19 ရောဂါ ကူးစက်မှု မဖြစ်ပွားစေရေးနှင့် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် မြို့နယ် အသီးသီးရှိ ဘုရား ပုထိုး စေတီများကို ပိတ်ထားနိုင်ရန် မေတ္တာရပ်ခံကြောင်း ဖော်ပြ ပါရှိသည်။
.

.
ယင်းကဲ့သို့ ရှမ်းပြည်နယ် အစိုးရ၏ မေတ္တာရပ်ခံ ပန်ကြားချက်အရ သာသနာရေးမှူးရုံးများမှ ဘုရား၊ ပုထိုးနှင့် စေတီများ တည်ရှိသည့် သံဃာတော်များနှင့် ဂေါပကအဖွဲ့များသို့ မေတ္တာရပ်ခံ ပန်ကြားစာများ ဆက်လက် ဖြန့်ဝေထားကြောင်း သိရသည်။
.

ရှမ်းအရှေ့က မြို့နယ်တွေမှာ ရှိတဲ့ ဘုရား ပုထိုး စေတီရှိတဲ့ ကျောင်းတွေ ဂေါပကအဖွဲ့တွေကိုတော့ မေတ္တာရပ်ခံ ပန်ကြားတဲ့စာကို ပေးပို့ ဖြန့်ဝေထားပြီး ဖြစ်ပါတယ်။ COVID-19 ရောဂါ ကူးစက်မှု မဖြစ်အောင် ကာကွယ်တဲ့သဘောပါ။"ဟု ကျိုင်းတုံမြို့ရှိ ပြည်နယ်သာသရေးမှူးရုံးခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးချစ်သိန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ် အတွင်းရှိ ဘုရား၊ ပုထိုးနှင့် စေတီ အများစုမှာ ပိတ်ထားပြီ ဖြစ်သော်လည်း ဒေသအချို့တွင် ပိတ်ပင်မှု မရှိခြင်းကြောင့် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ပြည်နယ် သာသနာရေး တာဝန်ခံ ဒေါက်တာ အောင်သန်းမောင်က လက်မှတ်ရေးထိုး၍ မေတ္တာ ရပ်ခံစာအား ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats