ဆေးဝါးနှင့် စား​​သောက်ကုန်များကို ​စျေးတင် ​ရောင်းပါက ​ထောင် ၃ နှစ် ချမှတ် ခံရမည်ဟု ထုတ်ပြန် (ရုပ်သံ) - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, April 8, 2020

ဆေးဝါးနှင့် စား​​သောက်ကုန်များကို ​စျေးတင် ​ရောင်းပါက ​ထောင် ၃ နှစ် ချမှတ် ခံရမည်ဟု ထုတ်ပြန် (ရုပ်သံ)


ကျန်းမာ​ရေး အ​ထောက်အကူပြု ပစ္စည်းတွေ၊ ​ဆေးဝါးတွေ၊ စား​သောက်ကုန် ပစ္စည်းတွေကို ​စျေးနှုန်း မြှင့်တင် ​​ရောင်းချတာ၊ ​စျေး ကစားဖို့ ရည်ရွယ်ချက်နဲ့ သို​​လှောင်တာ ပြုလုပ်တာကို စစ်ဆေး ​တွေ့ရှိရင် ​ထောင်ဒဏ် ၆ လကနေ ၃ နှစ်အထိ ကျခံရမယ့်အပြင် ကျပ် ၅ သိန်းထက် မပို​တဲ့ ​ငွေဒဏ်ကို ချမှတ်အ​ရေးယူခြင်း ခံရမယ်လို့ ရှမ်းပြည်နယ် စားသုံးသူ​ရေးရာ ဦးစီးဌာနက ဧပြီလ ၇ ရက်မှာ ထုတ်ပြန် ​ကြေညာခဲ့ပါတယ်။
.
COVID-19 ကူးစက်​ရောဂါ ဖြစ်ပွား​နေတဲ့ ကာလအတွင်းမှာ ကုန်​စျေးနှုန်း ကြီးမြင့်တာနဲ့ ကုန်ပစ္စည်းတွေ ပြတ်လပ်မှု မရှိ​စေ​ဖို့အတွက် အ​ရေးကြီး ကုန်စည်နဲ့ ဝန်​​ဆောင်မှု ဥပ​ဒေ ပုဒ်မ ၄၊ ပုဒ်မခွဲ(က)အရ စီးပွား​ရေးနဲ့ ကူးသန်း​ရောင်းဝယ်​ရေး ဝန်ကြီးဌာနက အ​ရေးကြီး ကုန်စည်တွေကို မတ်လ ၃၀ ရက်က သတ်မှတ် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
.
စီးပွား​ရေးနဲ့ ကူးသန်း​ရောင်းဝယ်​ရေး ဝန်ကြီးဌာနက အ​ရေးကြီး ကုန်စည်တွေ အဖြစ် သတ်မှတ်ခဲ့တဲ့ ကုန်ပစ္စည်းတွေမှာ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသ​ရေးဆိုင်ရာ ကျန်းမာ​​ရေး အ​ထောက်အကူပြု ပစ္စည်းတွေ၊ ဆေးဝါးတွေနဲ့ စားသုံးကုန် ပစ္စည်းတွေ ဖြပါဝင် ပါတယ်။
.
အ​ရေးကြီး ကုန်ပစ္စည်းတွေကို စျေးနှုန်း မြှင့်တင် ​​ရောင်းချတာ၊ ​စျေး ကစားဖို့ ရည်ရွယ်ချက်နဲ့ သို​​လှောင်တာ ပြုလုပ်တာကို ​တွေ့ရှိရင် စားသုံးသူ​ရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်​တယ်လို့ သိရပါတယ်။
.
အဲဒီလို စားသုံးသူ​ရေးစာဦးစီးဌာနရဲ့ ထုတ်ပြန်ချက်ကို ပြည်သူ​တွေက ကြိုဆို​ပေကြမယ်လည်း ထိထိ​ရောက်​ရောက် လုပ်​ဆောင်​တာ မရှိလို့ ဆိုပြီး​တော့ ​ဝေဖန် ​နေကြပါတယ်။ လက်ရှိ အ​​ခြေအ​နေမှာလည်း စား​သောက်ကုန်​တွေ အပြင် ကျန်းမာ​ရေး အ​ထောက်အကူပြု ပစ္စည်း​တွေရဲ့ ​စျေးနှုန်းဟာလည်း အနည်းဆုံး ၂ ဆ​လောက်ထိကို မြင့်တက်​နေပါတယ်။

No comments:

Post a Comment

Journal Download

Photo of three cats

About