စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊
ကလောတိုးလ်ဂိတ်အနီး၊ ပြည်ထောင်စုလမ်းမကြီး၊ ပင်လောင်းလမ်းခွဲတွင် ဧပြီလ ၂၉ ရက်၊ ညပိုင်းက
က တပ်မတော်သားတစ်ဦး မောင်းနှင်လာသော မော်တော်ယာဉ်နှင့် ဆိုင်ကယ် တိုက်မိကာ ဆိုင်ကယ်
မောင်းနှင်သူ အမျိုးသား သေဆုံးခဲ့ကြောင်း သိရသည်။
.
.
ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်နေ
ဆိုင်ကယ်ယာဉ်မောင်း ဦးလှဝင်း (၅၆ နှစ်) သည် ဧပြီလ ၂၉ ရက်၊ ည ၇ နာရီခွဲခန့်က NEW
ANBO-125 အမျိုးအစား အနက်ရောင်ဆိုင်ကယ်ဖြင့် ကလောမြို့ဘက်မှ
အောင်ပန်းဘက်သို့ မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် ((၇၆/၀) နှင့် (၇၆/၁) အကြား ပင်လောင်းလမ်းခွဲအရောက်တွင်
အမှတ် (၂) မော်တော်ယာဉ်တပ်ရင်း၊ နေပြည်တော် (ရွာတော်) မှ ဒုတပ်ကြပ် ခင်ဇော် (၃၅ နှစ်)
မောင်းနှင်လာသော FAW အမျိုးအစား စစ်စိမ်းရောင် တပ်မတော်မော်တော်ယာဉ်က
ပင်လောင်းလမ်းသွယ်မှ ပြည်ထောင်စုလမ်းမကြီးပေါ် သို့ ဖြတ်ထွက်ရာ ဦးလှဝင်း မောင်းနှင်လာသော
ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ
ဦးလှဝင်းတွင် နှာခေါင်းသွေးထွက်ဒဏ်ရာ၊ မေးစေ့ ပေါက်ပြဲ ဒဏ်ရာ၊ ယာပေါင် ပေါက်ပြဲဒဏ်ရာများ
ရရှိခဲ့ပြီး ကလောပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူနေစဉ် သေဆုံး သွားခဲ့ကြောင်း
သိရသည်။
.
“အမှုဖွင့်ထားပါတယ်။ ယာဉ်မောင်းကို ပုဒ်မ
၃၀၄ (က) နဲ့ အရေးယူထားပါတယ်” ဟု ကလောမြို့မရဲစခန်းမှူး ဒုရဲမှူး လှနိုင်က ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
သို့ဖြစ်၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ ဒုတပ်ကြပ်
ခင်ဇော်အား ကလောမြို့မရဲစခန်းတွင် ယာဉ် (ပ) ၁၇/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၃၀၄ ဖြင့်
အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိပြီး ယာဉ်မောင်းသည် တပ်မတော်သားဖြစ်သည့်အတွက် သက်ဆိုင်ရာ
တပ်နယ်သို့ လွှဲပြောင်းပေးအပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.