.
ပြည်တော်ပြန်တွေဟာ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၇၈၃၁ ဦးနဲ့ အများဆုံးဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ၄၀၅၄ ဦးနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ၂၂၄၇ ဦး ရှိတယ်လို့ သိရပါတယ်။
.
အဲဒီ ပြည်တော်ပြန်တွေကို Community Based Facility Quarantine နဲ့ Home Quarantine အဖြစ် အသွားအလာ ကန့်သတ်ကာ စောင့်ကြည့်နေလျက်ရှိပြီး သတ်မှတ် ၁၄ ရက် ပြည့်မြောက်ပြီး နေထိုင်ရာ ဒေသတွေကို ပြန်လည် စေလွှတ်ခဲ့သူ ကတော့ ၉၇၅ ဦး ရှိတယ်လို့ သိရပါတယ်။
.
အဲဒီအပြင် ပြည်တော်ပြန်တွေ အနက် COVID-19 နဲ့ ပတ်သက်ပြီး စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ပြီး ဆေးရုံတင်ပို့ခဲ့သူ ၆၀ ဦးထိ ရှိပြီး သူတို့ထဲပ ၁ ဦးမှာ သာ ပိုးတွေ့ရှိခဲ့ပြီး ကျန်တဲ့သူတွေမှာ ပိုး တွေ့ရှိြခင်း မရှိဘူးလို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကနေ သိရပါတယ်။
.
ပိုးတွေ့လူနာဟာ ထိုင်းနိုင်ငံကနေ တာချီလိတ်၊ မန္တလေးကနေ တဆင့် ကျောက်မဲကို ပြန်လည် ရောက်ရှိလာသူ ဖြစ်ပြီး လားရှိုး ဆေးရုံမှာ သီးခြား ထားရှိပြီး ဆေးကုသမှု ပေးနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားပါတယ်။
.
မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ၂၀ ဦး ၊ ပိုးတွေ့ပြီးတဲ့နောက် သေဆုံးသူ ၁ ဦး ရှိပြီး (ဧပြီလ ၃ ရက်နေ့မှာ အတည်ပြုလူနာ အသစ် မရှိကြောင်းနဲ့ ပြည်သူတွေ အနေနဲ့ ကျန်းမာရေး ပညာပေး အချက်အလက်တွေကို တိကျစွာ လိုက်နာ ဆောင်ရွက်ခြင်းနဲ့ မိမိ သာမက မိမိရဲ့ မိသားစုနဲ့ ပတ်ဝန်းကျင်က လူတွေအတွက်ပါ ရောဂါ ကူးစက်မှု မရှိစေဖို့ ပူးပေါင်း ဆောင်ရွက်ပေးဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။