ရှမ်းပြည်နယ်အတွင်း၌ ပြည်တော်ပြန် ၁၄၀၀၀ ကျော် ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, April 3, 2020

ရှမ်းပြည်နယ်အတွင်း၌ ပြည်တော်ပြန် ၁၄၀၀၀ ကျော် ရှိ


ပြည်ပနိုင်ငံများမှ ရှမ်းပြည်နယ်အတွင်းသို့ ပြန်လည် ရောက်ရှိလာသူ ပြည်တော်ပြန် အရေအတွက်မှာ ယနေ့ (ဧပြီလ ၃ ရက်)ထိ စုစုပေါင်း ၁၄၁၃၂ ဦး ရှိကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
.
ပြည်တော်ပြန်များတွင် ရှမ်းပြည်နယ်တောင်ပိုင်းမှ ၇၈၃၁ ဦးဖြင့် အများဆုံးဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ၄၀၅၄ ဦး၊ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ၂၂၄၇ ဦး ရှိကြောင်း သိရသည်။
.

အဆိုပါ ပြည်တော်ပြန်များအား Community Based Facility Quarantine နှင့် Home Quarantine  အဖြစ် အသွားအလာ ကန့်သတ်၍ စောင့်ကြည့်နေလျက်ရှိပြီး ယင်းတို့အနက် သတ်မှတ် ၁၄ ရက် ပြည့်မြောက်၍ နေထိုင်ရာ ဒေသများသို့ ပြန်လည် စေလွှတ်ခဲ့သူ ၉၇၅ ဦး ရှိကြောင်း သိရသည်။
.
ထို့အပြင် ပြည်တော်ပြန်များ အနက် COVID-19 နှင့် ပတ်သက်၍ စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်၍ ဆေးရုံ တင်ပို့ခဲ့သူ ၆၀ ဦးထိ ရှိကာ ယင်းတို့အနက် ၁ ဦးတွင်သာ ပိုးတွေ့ရှိခဲ့ပြီး ကျန်သူများတွင် ပိုး တွေ့ရှိခြင်း မရှိကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
.
မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၂၀ ဦး ရှိကာ ပိုးတွေ့ပြီးနောက် သေဆုံးသူ ၁ ဦး ရှိပြီး ယနေ့ (ဧပြီလ ၃ ရက်)တွင် အတည်ပြုလူနာ မရှိကြောင်းနှင့် ပြည်သူများ အနေဖြင့် ကျန်းမာရေး ပညာပေး အချက်အလက်များအား တိကျစွာ လိုက်နာ ဆောင်ရွက်ခြင်းဖြင့် မိမိ သာမက မိမိ၏ မိသားစုနှင့် ပတ်ဝန်းကျင်မှ လူများအတွက်ပါ ရောဂါ ကူးစက်မှု မရှိစေရေး ပူးပေါင်း ဆောင်ရွက်ပေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက နှိုးဆော်ထားသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About