စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊
အေးသာယာမြို့တွင် ဧပြီလ ၂၄ ရက်က အရက်ဆိုင်ဖွင့်လှစ်ရောင်းချသူ နှင့် Quarantine
ဝင်နေစဉ်အတွင်း အပြင်ထွက်၍ အရက်သေစာ သောက်စားသူတို့ကို
ဥပဒေအရ အရေးယူပေးရန် အေးသာယာမြို့ရှိ ဒေသန္တရကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းက တိုင်တန်းမှု
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
အေးသာယာမြို့နေ ဦးရွှေမြင့်သည် ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာနမှ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် ထုတ်ပြန်ထားသည့်
အမိန့်ကြော်ငြာစာအား လိုက်နာခြင်းမရှိဘဲ ဆိုင်ခန်းအတွင်း လူ ၅ ဦးထက်ပို၍ စုဝေး သောက်နိုင်ရန်
ဆိုင်ဖွင့်လှစ်ရောင်းချသဖြင့်လည်းကောင်း၊ ဇော်ဇော် (ခ) စိုင်းနောင့်သည် Quarantine
ဝင်နေစဉ် ကာလအတွင်း ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်များကို
မလိုက်နာဘဲ အပြင်ထွက်၍ အခြားနေရာတွင် အရက်သေစာ သောက်စားသဖြင့်လည်းကောင်း ၎င်းတို့
၂ ဦးအား အရေးယူပေးရန် တောင်ကြီးမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
အဆိုပါ ဦးတိုက်လျှောက်ထားမှုနှင့် ပတ်သက်၍
ဖြစ်စဉ်နှင့် ကိုက်ညီမှုမရှိသဖြင့် ဧပြီလ ၂၇ ရက်တွင် တရားရုံးသို့ ပြန်လည်လျှောက်ထားရန်
တောင်ကြီးမြို့နယ် တရားသူကြီးမှ အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
.