အေးသာယာတွင် နေအိမ်အတွင်း ရပ်ထားသည့်ဆိုင်ကယ်တစ်စီး ခိုးယူခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အေးသာယာတွင် နေအိမ်အတွင်း ရပ်ထားသည့်ဆိုင်ကယ်တစ်စီး ခိုးယူခံရ


နန်းဝင်းရီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ် (၃) ရပ်ကွက်၊ သစ်ပင်ထောင်ကျေးရွာတွင် ယနေ့ ဧပြီလ ၁၉ ရက်၊ နေ့လယ်ပိုင်းက နေအိမ်အတွင်း ရပ်နားထားသော ဆိုင်ကယ်တစ်စီး ခိုးယူခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.

.
အေးသာယာမြို့၊ အမှတ် (၃) ရပ်ကွက်၊ နယ်မြေ (၃) သစ်ပင်ထောင်ကျေးရွာနေ ဦးမောင်အေး (၅၂ နှစ်)သည် ယနေ့ ဧပြီလ ၁၉ ရက်၊နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က ၎င်းပိုင် LOUJIA-110 အမျိုးအစား လိုင်စင်ရှိ အနက်ရောင်ဆိုင်ကယ် အား နေအိမ်ဝင်းအတွင်းရှိ ထွေလာဂျီဂိုဒေါင်တွင် သော့တပ်လျက် ရပ်နားခဲ့ပြီးနောက် နေအိမ်အတွင်း ရှိနေစဉ် နေ့လယ် ၁ နာရီ ၁၅ မိနစ်ခန့်တွင် ဆိုင်ကယ်စက်နှိုးသံကြား၍ ထွက်ကြည့်ရာ အမည်မသိ အမျိုးသားတစ်ဦးမှ ၎င်းဆိုင်ကယ်အား ခိုးယူမောင်းနှင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဆိုင်ကယ်ခိုးယူမှုနှင့် ပတ်သက်၍ ဦးမောင်မောင်အေးမှ အေးသာယာနယ်မြေရဲစခန်း၌ တရားလို ပြုလုပ်တိုင်တန်းသဖြင့် (ပ)၃၅/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ (ဆက) ဖြင့် အမှုဖွင့်ပြီး သက်သေဆခံဆိုင်ကယ် နှင့် ခိုးယူသွားသူ အမည်မသိအမျိုးသားအား စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats